ကုမ္ပဏီသစ် သုံး ခုခန့် အပါအဝင် နိုင်ငံခြားသား ပါဝင်ရင်းနှီးမြှပ်နှံမှုအား ငွေးချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ခွင့်ပြုသွားရန်ရှိ

ကုမ္ပဏီသစ် သုံး ခုခန့် အပါအဝင် နိုင်ငံခြားသား ပါဝင်ရင်းနှီးမြှပ်နှံမှုအား ငွေးချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ခွင့်ပြုသွားရန်ရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။           ။ ၂၀၂၀ ခုနှစ် အတွင်း  စာရင်းဝင် ကုမ္ပဏီသစ် သုံး ခုခန့် အပါအဝင် နိုင်ငံခြားသားများပါဝင်သည့်  အစုရှယ်ယာများ  အရောင်းအဝယ်ပြုလုပ်နိုင်ခွင့်ကို ခွင့်ပြုပေးရန်  ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်(SECM) က  စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ရန်ကုန်စတော့အိပ်ချိန်းနှင့်  မြန်မာသတင်းပညာ သိပ္ပံ တို့ ပူးပေါင်း၍ သတင်းမီဒီယာသမားများအနေဖြင့်  စတော့အိပ်ချိန်းစျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနားလည်ေစရန် မြန်မာနိုင်ငံ အရင်းအနှီးစျေးကွက် ဆိုင်ရာ မီဒီယာ အလုပ်ရုံဆွေးနွေးပွဲကို  ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်စတော့အိပ်ချိန်းတွင် ပြုလုပ်ခဲ့သည်။

လက်ရှိ ရန်ကုန်စတော့အိပ်ချိန်း တွင် စာရင်းဝင် ကုမ္ပဏီ ခုဖြစ်သည့် First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holdings (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် TMH Telecom တို့မှာ   နိုင်ငံခြားသားများ ပါဝင်၍ အစုရှယ်ယာများ ရောင်းဝယ်ခွင့်ပြုရန် အမိန့်ကြော်ငြာစာအား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အရ နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းအထက် ပိုင်ဆိုင်သည့် နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် အများသက်ဆိုင်သောကုမ္ပဏီ တည်ထောင်ခွင့်အပြင် အများပြည်သူသို့ အစုရှယ်ယာများ ဖိတ်ခေါ်ရောင်းချခွင့်များ ရရှိလာမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် အတွင်း ရန်ကုန်စတော့အိပ်ချိန်း ၌ စတော့ရှယ်ယာ ရောင်းဝယ်သူ စိတ်ဝင်စားမှု အများဆုံးအဖြစ် First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holdings (MTSH) တို့က  အဓိက ရှယ်ယာ  အရောင်းအဝယ် ပြုလုပ်မှုများပြားလျက်ရှိကာ စက်တင်ဘာလ အတွင်း ကျပ် ၂၄၇.၈ သန်းကျော် နှင့် ရှယ်ယာအရောင်း အဝယ်ပမာဏ အများဆုံးဖြစ်ခဲ့ပြီး  ရန်ကုန်စတော့အိပ်ချိန်း စျေးကွက်တစ်ခုလုံး အတိုင်းအတာအရ တစ်ရက်လျှင်  ရှယ်ယာအရောင်းအဝယ် ပြုလုပ်မှု  ပမာဏ ကျပ်သန်း ၉၀ မှ ၁၀၀ ကြား ရှိသည်ဟုသိရသည်။

ရန်ကုန်စတော့အိပ်ချိန်း စတင်ချိန် မှ လက်ရှိ အချိန်အထိ  သုံး နှစ်ခွဲ ကာလအတွင်း  ရှယ်ယာရောင်းဝယ်မှု  ပမာဏ ၁၃ဒသမ၆၃ သန်း၊ ငွေတန်ဖိုးအားဖြင့် ကျပ်သန်း ၁၃၇ ဘီလျံ အရောင်းအဝယ် ဖြစ်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly