သြစတြေးလျ ဆစ်ဒနီမြို့ မြောက်ပိုင်းမှာ တောမီး အကြီးအကျယ် လောင်နေ

သြစတြေးလျ ဆစ်ဒနီမြို့ မြောက်ပိုင်းမှာ တောမီး အကြီးအကျယ် လောင်နေ

ဒီဇင်ဘာ ၆ ။              ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မြောက်ပိုင်း နေရာအနှံ့အပြားမှာ လောင်ကျွမ်းလျက် ရှိသည့် တောမီးများက ယခုအခါ ဧရာမတောမီးကြီးတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး ထိန်းချုပ်၍ မရဘဲဖြစ်နေကြောင်း အာဏာပိုင်များက ပြောသည်။

တောမီးကို လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်သေးခြင်း မရှိသည့်အတွက် ပြည်သူများ သတိဖြင့် နေကြရန် အာဏာပိုင်များက ဒီဇင်ဘာ ၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ဆစ်ဒနီမြို့အနီး အဆိုပါ တောမီးကြီးသည် ဒီဇင်ဘာ ၅ ရက် ညပိုင်းကစ၍ ပိုမို အရှိန်ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

တောမီးသည် ဟက်တာပေါင်း ၃၀၀,၀၀၀ ရှိ ဧရိယာကြီးတစ်ခုလုံးကို လောင်ကျွမ်းနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ခုချိန်မှာတော့ တောမီးတွေကို နိုင်အောင် မငြှိမ်းနိုင်သေးပါဘူး၊ အဲဒီတော့ ဒေသခံတွေအနေနဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ်ဘာသာပဲ အတတ်နိုင်ဆုံး ကာကွယ်ကြရမှာဖြစ်ပါတယ်” ဆိုပြီး နယူးဆောက်ဝေး ပြည်နယ် ကျေးလက်မီးသတ်ဌာန ဒုတိယ ကော်မရှင်နာ ရော့ဘ် ရော်ဂျာစ်က ပြောသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly