အမျိုးသမီးဦးရေ များတာကြောင့် ယောက်ျားတစ်ယောက်မှာ ရည်းစားသုံးယောက်နှုန်း ရှိနေတဲ့ မြို့

အမျိုးသမီးဦးရေ များတာကြောင့် ယောက်ျားတစ်ယောက်မှာ ရည်းစားသုံးယောက်နှုန်း ရှိနေတဲ့ မြို့

တစ်ချို့အတွက်တော့ ယောက်ျားတစ်ယောက် မိန်းကလေးရည်းစား သုံးယောက်ကို တစ်ပြိုင်တည်း ထားနိုင်တာဟာ အတော်စွံတာပဲလို့ ပြောကြပါမယ်။

ဒါပေမယ့် တရုတ်နိုင်ငံက မြို့တစ်မြို့ကတော့ ယောက်ျားတစ်ယောက်မှာ ရည်းစားသုံးယောက်ရှိနေတာဟာ သတ်မှတ်ချက် စံတစ်ရပ်လို ဖြစ်နေပါပြီ။

ကွမ်တုံပြည်နယ်က တုံးကွမ်မြို့က အမျိုးသားတစ်ဦးက ဒီမြို့မှာတော့ ယောက်ျားတစ်ယောက်မှာ မိန်းကလေးရည်းစား တစ်ယောက်တည်းရှိတာဟာ မျက်နှာအောက်ငုံနေရတဲ့ ရှက်စရာ ဘဝပါပဲလို့ ပြောပါတယ်။

ဒီသဘောထားအမြင်ဟာ မြို့မှာ ကျားမအချိုးအစား ကွာဟရာကနေ ဖြစ်လာတာပါပဲ။

ကွာဟချက်ဟာ အမျိုးသမီး ၁၀၀ မှာ အမျိုးသား ၈၉ ဦးပဲ ရှိတာဖြစ်ပါတယ်။ ဘာကြောင့် ခုလို ကွာဟတာလည်းဆိုရင် တုံးကွမ်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေကို ပိုပြီး အားထားပြီး အလုပ်ခန့်အပ်ရာက စတာပါပဲ။

ဒီမြို့မှာ အလုပ်ရဖို့ထက် ရည်းစားရဖို့က ပိုပြီး လွယ်လွန်းတယ်လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျွန်တော်မှာ ရည်းစားသုံးယောက် ရှိပါတယ်။ ဒီသုံးယောက်စလုံးကလည်း အချင်းချင်း သိနေကြသူတွေပဲ။ ကျွန်တော် သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ၊ ရည်းစားတွေ များကြတာပဲ။”လို့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ လီပင်းက ပြောပါတယ်။

ဒီအခြေအနေဟာ ဒီမြို့အတွက်တော့ သာမန်ပဲလို့ ဌာနေမီဒီယာတစ်ရပ်က ဖော်ပြပါတယ်။

“ငယ်ပြီး ချောလည်းချောတဲ့ စက်ရုံဝန်ထမ်းမလေးတွေက နေရာတိုင်းမှာ တွေ့နေရတယ်။ တွဲခုတ်ဖို့ လွယ်ကူပါတယ်။”လို့ လီပင်းက ဆိုပါတယ်။

“ရည်စားတစ်ယောက်ထဲ ရှိတဲ့ သကောင့်သားတွေအတွက်တော့ ဒီမှာ ရှက်စရာပါ။ အားလုံးက သူ့ကို လှောင်ရယ်မှာပဲ။”လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

တုံးကွမ်မြို့က အမျိုးသား တော်တော်များများဟာ ကြုံရာကျပန်း လုပ်ကိုင်ကြတာ ပိုများတာကြောင့် တွဲသွားတွဲလာ စရိတ်ဟာလည်း မိန်းကလေးတွေကပဲ စရိတ်ခံကြတာဖြစ်ပါတယ်။

တုံးကွမ်မြို့ အမျိုးသမီးအခွင့်အရေးနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲ့ကတော့ တစ်ကိုယ်ရည် တစ်ယောက်တည်း အထီးကျန်နေတာထက် ရည်းစားအဖော်ရှိတာဟာ ပိုကောင်းတာကြောင့် မိန်းကလေးတွေအတွက် သူနဲ့ တွဲနေသူမှာ အခြားရည်းစားတွေ ရှိတာကို မသိကျိုးကျွန် ပြုထားကြတော့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly