အာဖဂန်နစ္စတန်တွင် ပစ်ခတ်မှုဖြစ်ပွား၍  ဂျပန်နိုင်ငံသား ဆရာဝန် ၁ ဦးနှင့် အာဖဂန် ၅ ဦးသေဆုံး

By NHK
05 December 2019
အာဖဂန်နစ္စတန်တွင် ပစ်ခတ်မှုဖြစ်ပွား၍  ဂျပန်နိုင်ငံသား ဆရာဝန် ၁ ဦးနှင့် အာဖဂန် ၅ ဦးသေဆုံး
Photo: AFP

ဂျလာလာဘတ်၊ ဒီဇင်ဘာ ၄ ။     ။ အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာအရှေ့ပိုင်းရှိ ဂျလာလာဘတ်မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ ဂျပန်လူမျိုးဆရာဝန် တက်ဆုနာကာမူရာနှင့် အာဖဂန် ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သေနတ်သမားများက နာကာမူရာတို့စီးလာသည့်ကားကို ရပ်ခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသောကြောင့် နာကာမူရာနှင့်အတူလိုက်ပါလာသည့် ကားမောင်းသမားနှင့် လုံခြုံရေးအစောင့်အရှောက်များ သေဆုံးခဲ့ကြသည်။

နာကာမူရာသည် ဂျပန်နိုင်ငံ ဖူကုအိုကအခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပက်ရှ်ဝါကိုင်က ဖွင့်လှစ်ထားသော အာဖဂန်ရှိရုံးခွဲတွင် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ နာကာမူရာ သည် အာဖဂန်၌ လယ်ယာလုပ်ငန်းစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ပေးခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများတွင် ဆေးဘက်ဆိုင်ရာများကူညီရင်း နေထိုင်ခဲ့သည်မှာ ၅ နှစ်မျှရှိပြီဖြစ်သည်။ နာကာမူရာ၏ရုပ်အလောင်းကို ကဘူးလ်မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားပြီး စစ်သားများစောင့်ကြပ်ထားကြသည်။

သေနတ်သမားများက နာကာမူရာစီးလာသည့် ကားကိုရပ်ခိုင်းပြီး ကားထဲမှထွက်ခိုင်းကာ စတင်ပစ်ခတ် ခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ နိုင်ငံခြားသားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ကြိုတင်ကြံစည်မှုဖြစ်နိုင်ကြောင်း ရဲအရာရှိတစ်ဦးကပြောသည်။ မည်သူ၏လက်ချက်ဖြစ်ကြောင်းကိုမူ မသိရသေး ချေ။ ရင်ခွဲစစ်ဆေးချက်အရ နာကာမူရာ၏ ဝမ်းဗိုက်အတွင်းမှ ကျည်ဆန်နှစ်တောင့် တွေ့သည်ဟု ဆိုသည်။ မိသားစုဝင်များနှင့်လုပ်ဖော်ကိုင်ဖက်များက နာကာမူရာ၏ ရုပ်အလောင်းကို ဂျပန်သို့ ပြန်လည်သယ်ဆောင်သွား မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly