ပြင်သစ်သမ္မတအား ဆန့်ကျင်သည့် အကန့်အသတ်မဲ့ သပိတ်မှောက်ပွဲများ နိုင်ငံတစ်ဝန်း ဆင်နွှဲ

ပြင်သစ်သမ္မတအား ဆန့်ကျင်သည့် အကန့်အသတ်မဲ့ သပိတ်မှောက်ပွဲများ နိုင်ငံတစ်ဝန်း ဆင်နွှဲ

ပါရီ၊ ဒီဇင်ဘာ ၅။    ။ ပြင်သစ်သမ္မတ မက်ခရွန်အား ဆန့်ကျင်သည့် အကန့်အသတ်မဲ့ သပိတ်မှောက်ပွဲကို သမဂ္ဂများက စတင်လိုက်ပြီဖြစ်ရာ ဒီဇင်ဘာ ၅ ရက်တွင် နိုင်ငံတစ်ဝန်း ယင်းသပိတ်မှောက်ပွဲကြောင့် အများပြည်သူသုံး ယာဉ်လိုင်းများ၊ စာသင်ကျောင်းများနှင့် အခြားသော ဝန်ဆောင်မှုများ တန့်ရပ်ပိတ်ထားရပြီ ဖြစ်သည်။

အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သော တစ်နိုင်ငံလုံးဆိုင်ရာ သပိတ်၏ ယနေ့ ပထမနေ့မှာပင် ပါရီရှိ အထင်ကရ အီဖယ်တာဝါကိုပါ ပိတ်လိုက်ရသည်။

သမ္မတ မက်ခရွန် စီစဉ်နေသော ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှုသည် ပြည်သူသန်းပေါင်းများစွာကို အလုပ် သက်တမ်းကြာကြာ လုပ်ကိုင်ရမည့် စနစ်ပဲဖြစ်သည်ဟု သပိတ်မှောက်သူများက ဆိုသည်။

ရထားများ၊ ဘတ်စ်ကားလိုင်းများနှင့် မြေအောက်ရထားများ ပြေးဆွဲမှု ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ရာ လူအများစုမှ အိမ်မှ အလုပ်လုပ်ရသကဲ့သို့ အလုပ်မသွားနိုင်၍ ခွင့်ရက်ယူရခြင်းများ ဖြစ်ကုန်သည်။

ဆရာ၊ ဆရာမများကလည်း သပိတ်ပွဲတွင် ပါဝင်ခြင်း သို့မဟုတ် အလုပ်သို့ လာရောက်နိုင်ခြင်း မရှိ၍ ကလေးထိန်း ဝန်ဆောင်မှုများ ရရှိနိုင်ရေး စီစဉ်ကြိုးပမ်းလျက် ရှိနေသည်။

ပြင်သစ်နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် ပြောင်းလဲမှုများ ဖော်ဆောင်နေသည့် သမ္မတ မက်ခရွန်၏ ယခု ပင်စင်ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို လက်မလွှတ်မချင်း သပိတ်လှန်လိမ့်မည် မဟုတ်ကြောင်း သမဂ္ဂခေါင်းဆောင်များက စိတ်ပိုင်းဖြတ် ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly