မော်ရီတေးနီးယား ကမ်းလွန်တွင် သင်္ဘောနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းအခြေချသူ ၅၀ ကျော် သေဆုံး

မော်ရီတေးနီးယား ကမ်းလွန်တွင် သင်္ဘောနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းအခြေချသူ ၅၀ ကျော် သေဆုံး

ဒီဇင်ဘာ ၅။           ။ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မော်ရီတေးနီးယား ကမ်းရိုးတန်းအနီး ပင်လယ်ပြင်ထဲတွင် ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသည့် သင်္ဘောတစ်စင်း နစ်မြုပ်မှုဖြစ်၍ အနည်းဆုံး ၅၈ ဦး ရေနစ်သေ ဆုံးခဲ့ကြောင်း ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

ယင်း ဖြစ်စဉ်တွင် အခြား လူပေါင်း ၈၃ ဦးသည် ကမ်းခြေသို့ ကူးခတ်ပြီး အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ကုလအေဂျင်စီက ပြောသည်။

ယင်း သင်္ဘောနစ်မှုဖြစ်စဉ်တွင် အသက်ရှင်လွတ်လာသူများ၏ အဆိုအရ ယင်းသင်္ဘောပေါ်တွင် အမျိုးသမီး၊ ကလေးများအပါအဝင် လူပေါင်း ၁၅၀ ထက်မနည်း လိုက်ပါစီးနင်းလာခဲ့ကြောင်း၊ ယင်းသင်္ဘောသည် နိုဝင်ဘာ ၂၇ ရက်က ဂမ်ဘီးယားနိုင်ငံကနေ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း ပြောသည်။

အဆိုပါ သင်္ဘောသည် အာဖရိက အနောက်မြောက် နိုင်ငံ ကမ်းရိုးတန်းအနီး ရောက်လာခဲ့စဉ် ဆီကုန်ခန်းခါနီး ဖြစ်ခဲ့ကြောင်းလည်း ၎င်းတို့က ပြောသည်။

အဆိုပါ ရွှေ့ပြောင်း သင်္ဘော နစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ရီတေးနီးယား အာဏာပိုင်များသည်လည်း သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly