တရုတ်တို့ ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကြောင့် ဒေသခံများ စိုးရိမ်မှုပိုလာ

တရုတ်တို့ ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကြောင့် ဒေသခံများ စိုးရိမ်မှုပိုလာ

ရန်ကုန်၊ ဒီဇင်ဘာ ၅။           ။ တရုတ်နိုင်ငံသည် တိုးတက်မှု နောက်ကျကျန်ခဲ့မှာ စိုးရိမ်နေသည့် ဒေသခံများကို အနိုင်ပိုင်းလျက် ရခိုင်ပြည် နယ် အနောက်ပိုင်းရှိ ကျောက်ဖြူဒေသကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အဖြစ် မဟာဗျူဟာကျကျ ပြောင်းလဲ ရန် လေလံအောင်ခဲ့ချိန်မှာ တံငါသည်အောင်ကြီးကတော့ ညမှောင်မှောင်မှာ ခိုးကြောင်ခိုးဝှက်နှင့် ငါးမျှားနေရ သည်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် (မူရင်း ရိုဟင်ဂျာဟုဖော်ပြ)များကို နယ်မြေရှင်းလင်း ရေးလုပ်ခဲ့သည်။မြန်မာသည် ရခိုင်အတွက် စီးပွားရေးလုပ်ငန်း လမ်းဖွင့်ပေးမည်ဟု ကြေညာခဲ့သည်။
သို့သော် ဒေသခံများသည် စည်းမျဉ်းစည်းကမ်း အသစ်များက ၎င်းတို့၏ ရိုးရာလုပ်ရိုးလုပ်စဉ်များကို ကန့်သတ် ချုပ်ခြယ်နေသောကြောင့် ဖယ်ကြဉ်ခံနေရပြီလားဟု စိုးရိမ်နေကြသည်။

အိန္ဒိယသမုဒ္ဒရာအတွက် ကြီးမားသည့် အဝင်အထွက် ဂိတ်ကြီးအဖြစ် ဆောင်ရွက်မည့် ပင်လယ်ရေနက် ဆိပ်ကမ်းနှင့် ပေကျင်း(တရုတ်)ကျောထောက် နောက်ခံပြု စက်ရုံကြီးအတွက် စပါးခင်းနှင့် ကျွန်းသစ်တောများ ပြားပြားဝပ် ပျက်ဆီးခဲ့ပြီ ဖြစ်သည်။

အစိုးရက ငါးဖမ်းမှု တားမြစ်ထားသည့် ရေလမ်းကြောင်းများတွင် တရုတ်သင်္ဘာများက လွတ်လပ်စွာ သွားလာ နေပြီး   အဆိုပါ အခြေအနေများကြောင့် ဒေသခံများ၏ စားဝတ်နေရေးနှင့် အသက်မွေးမှုများ ပျက်ဆီးခဲ့ရသည်။
“တရားမဝင် ငါးဖမ်းရင် ကျွန်တော်တို့ အဖမ်းခံရတာတို့ အရိုက်ခံရတာတို့ ဖြစ်နိုင်တယ်ဗျ” ဟု ကျောက်ဖြူမြို့ အနီး ငါးဖမ်းရွာလေးက အနေစုတ်သည့် တဲလေးနားတွင် နေထိုင်သည့် အောင်ကြီးက ပုစွန်ဆိတ်များကို နေလှန်းရင်း ပြောသည်။

“ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိဘူး။ မဟုတ်ရင် မိသားစု ငတ်လိမ့်မယ်ဟု” အသက် ၂၈ နှစ် အရွယ်ရှိ အောင်ကြီးက ပြောသည်။လွန်ခဲ့သည့် ၂ နှစ်က စစ်တပ်၏ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အစွန်အဖျားဒေသများ ဆိုးဆိုး ရွားရွား ဖျက်ဆီးခံရပြီး ရခိုင်ပြည်နယ်က လူနည်းစု မွတ်ဆလင် ရာနှင့်ချီ နေရပ်စွန့်ခွာခဲ့သည်။ သို့သော် ရခိုင်ပြည်နယ် အလယ်ပိုင်းသည် ထိခိုက်မှု မရှိခဲ့ပေ။

နိုင်ငံ အတော်များများနှင့် ကုမ္ပဏီများသည် အဆိုပါပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် ဝန်လေးနေချိန်မှာ တရုတ်နှင့် တခြား ဒေသတွင်း လုပ်ငန်းရှင်များသည် စိတ်ထင့်ခြင်း အလျဉ်းမရှိခဲ့ပေ။

လူ့အခွင့်အရေး ဖိနှိပ်ချိုးဖောက်မှုများ

နောက်ထပ် ကမ်းလွန် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးမှုနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက်လည်း ဆွေးနွေး နေပြီဖြစ်ကြောင်း ၊ “ဒီလုပ်ငန်းစဉ်ရဲ့ သက်ရောက်မူကို စဉ်းစားခဲ့ဟန် မတူဘူးဟု” Myanmar Centre for Responsible Business (MCRB) မှ ဒါရိုက်တာ Vicky Bowman က ဆိုသည်။

မြန်မာ့အာဏာပိုင်များသည် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံနေရသော်လည်း စင်္ကာပူ၊ ဂျပန်နှင့် ထိုင်းတို့သည်  သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံနှင့် အတူတွဲလုပ်ပြီး စီးပွားရေး အကျိုးအမြတ်ရရှိရန် တရုတ်နှင့် ယှဉ်ပြိုင်နေကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က “မိမိတို့နှင့် ပူးပေါင်းလုပ်ဆောင်ချင်သည့် မိတ်ဆွေ များကို ကြိုဆိုပါတယ်ဟု” မကြာသေးခင်က ဂျပန် Nikkei သတင်းစဉ်နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

သို့သော် စိတ်အားထက်သန်သည့် ပြည်သူများ၏ သဘောထားကြောင့် တရုတ်ရင်းနှီးမြှုပ်နှံထားသည့် ကချင် ပြည်နယ် မြောက်ပိုင်းရှိ မြစ်ဆုံကဲ့သို့သော ယခင်က စီမံကိန်းများ ရပ်တန့်သွားခဲ့သည်။ မြစ်ဆုံစီမံကိန်းကို နိုင်ငံ အ ဝှမ်း ဆန့်ကျင်ခဲ့ကြပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များသည် တရုတ်၏ ပိုးလမ်းမကြီး စီမံကိန်းအောက် လုပ်ဆောင်နေသော အခြေခံ အဆောက် အအုံဆိုင်ရာ စီမံကိန်းများမှာ အရေးပါသည့် လုပ်ငန်းများဖြစ်သည်။

တခြားလူများ၏ ကျေးကျွန်

မြန်မာနိုင်ငံက အားကောင်းကောင်းနှင့် ညှိနှိုင်းနိုင်သည့် အနေအထားမှာ “အသေအချာ“ရှိပါကြောင်း၊ ကျွန်တော်တို့  “ထိန်းချုပ်မှုတွေ”လည်း ရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်မှာ ဒေသခံများအတွက် အလုပ်အကိုင် ပေါင်း ၄ သိန်းခန့် လျာထားပြီး ကောင်းမွန်တဲ့ နေရာပြန်လည်ချထားရေးများ လုပ်ဆောင်ပေးမှာဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ဦးစိုးဝင်းက AFP ကို ပြောသည်။

တောင်သူ စောမောင်နုသည် သိမ်းယူခံရမည့် မြေဧက ၄၂၀၀ (၁၇၀၀ ဟက်တာ) ထဲတွင် ၎င်း၏ ပိုင်နက်လည်း ပါဝင်နေခြင်းကြောင့်  စိုးရိမ်လျက်ရှိပြီး ထွက်သွားခိုင်းလျှင် ဘယ်မှာ နေရမယ်မှန်းမသိကြောင်း ပြောသည်။
ဤသာဓကများသည် နိမိတ်ကောင်းသည်ဟု မဆိုနိုင်ပေ။

၂၀၁၃ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည့် ကမ်းပေါ် သဘာဝဓာတ်ငွေ့ စက်ရုံကြောင့် ဒေသခံပြည်သူများ မြေ အသိမ်းခံရပြီး နေရပ်စွန့်ခွာခဲ့ကြရသည်။ ကျောက်မီးသွေး လောင်စာထုတ်သည့် စက်ရုံနေရာတွင် ယခင်က စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် မနုအေးသာကလည်း လျော်ကြေး လုံးဝမရခဲ့ဟု ဆို သည်။

 “မြေမရှိရင် သူများအစေခံဖြစ်မှာပဲ “ဟု အသက် ၅၅ နှစ်ရှိ ဒေါ်နုအေးသာက AFP ကိုပြောသည်။

ဒေသခံများသည် မသေချာသည့် စီမံကိန်းများကြောင့် အခွင့်အရေးများ ဆုံးရှုံးနေခြင်းကို လက်ပိုက်ကြည့် နေရကြောင်း ၊ “ရခိုင်ပြည်နယ်ကရသည့် ပိုက်ဆံကို ရခိုင်အတွက်သုံးရင် ညတွင်းချင်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ် ကြောင်း ” တက်ကြွလှုပ်ရှားသူ ဦးစိုးလွင်က ဆိုသည်။

(မူရင်း AFP:Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine)

Grassroots fear stoked by Chinese-funded port and SEZ in Myanmar's Rakhine

http://mizzima.com/article/grassroots-fear-stoked-chinese-funded-port-and-sez-myanmars-rakhine

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly