အောင်ပွဲဆင်နိုင်ဖို့ တီရဲလ်ထန်ကို အားပေးစကားပြောကြားလိုက်သော နိုင်ငံကျော် ချင်းတိုင်းရင်းသား အမျိုးသမီးတေးသံရှင် ဆုန်သင်းပါရ်

အောင်ပွဲဆင်နိုင်ဖို့ တီရဲလ်ထန်ကို အားပေးစကားပြောကြားလိုက်သော နိုင်ငံကျော် ချင်းတိုင်းရင်းသား အမျိုးသမီးတေးသံရှင် ဆုန်သင်းပါရ်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ရက်တွင် ရေဒီယိုဘား၌ Birthday Show ကို ခမ်းနားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သော နိုင်ငံကျော် အမျိုးသမီး တေးသံရှင် ချင်းတိုင်းရင်းသူ ဆုန်သင်းပါရ်က ဒီဇင်ဘာ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ONE: MARK OF GREATNESS ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းတိုင်းရင်းသား “The Dragon Leg” တီရဲလ်ထန် အနေဖြင့် ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သော အောင်ပွဲ ရလဒ်ကို ရရှိနိုင်ပါစေကြောင်း ဆုတောင်းစကားပြောကြားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုယှဉ်ပြိုင်မည့် တစ်ဦးတည်းသော အားကစားသမားက တီရဲလ်ထန်ဖြစ်ပြီး ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် မြန်မာ့စပါးအုံးအောင်လအန်ဆန်း ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးနေသူလည်း ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် ထီရယ်ထန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အဖ ဦးသော့ကျဲမ်နှင့် ဒေါ်မန်စီးတို့မှ မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သူြဖစ်သည်။ ယင်းနောက် ကိုယ်ခံပညာပေါင်းစုံသုံး MMA ပြိုင်ပွဲများနှင့် ဂျူဂျစ်ဆု ပြိုင်ပွဲ များ ဝင်ရောက်ယှဉ်ပြိုင်နေရင်း အောင်လအန်ဆန်း၏ အထူးလေ့ကျင့်ပေးမှုအောက်၌ ပညာသင်ယူကာ တစ်နေ့တွင် ကမ္ဘာ့ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက်ရယူပေးနိုင်ရန် ကြိုးစားအားထုတ်နေသူတစ်ဦးလည်းြဖစ်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ် နပမ်းပြိုင်ပွဲများတွင် ချန်ပီယံဆုနှစ်ကြိမ်ဖြစ်ခဲ့ဖူးသကဲ့သို့ မြန်မာနိုင်ငံတွင်ရှိနေစဉ်ကလည်း ချင်းပြည်နယ် နပမ်းချန်ပီယံဆုကို ကြိမ်ရရှိထားသည်။

တီရဲလ်ထန်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: REIGN OF VALOR ပြိုင်ပွဲ၌ ပထမဆုံး ပွဲထွက် ယှဉ် ပြိုင်ခွင့်ရရှိခဲ့ပြီး ကမ္ဘောဒီးယားအားကစားသမား Rin Saroth ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ၎င်း၏ ဒုတိယမြောက်ပွဲအဖြစ် မလေးရှား တွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်က တောင်ကိုရီးယားကစားသမား Kim “The Kid” Woon Kyoum ဖြစ်သည်။ Kim သည် ငယ်စဉ်က တည်းက တိုက်ခိုက်ရေး အားကစားနည်းများကို နှစ်သက်ခုံမင်လှသူတစ်ဦး ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံတွင်နေထိုင်ကာ မွေထိုင်းပညာရပ်များ ကို ဆည်းပူးလေ့လာခဲ့သူဖြစ်သည်။ ဂျပန်နိုင်ငံအခြေစိုက် DEEP GRACHAN ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ ပြိုင်ပွဲများစွာယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများစွာရရှိထားသကဲ့သို့ ဂျူဒို၊ ဂျူဂျစ်ဆု၊ နပမ်း၊ ကရာတေး စသည့် တိုက်ခိုက် ရေးကစားနည်းများကို တတ်မြောက်ထားသူလည်းဖြစ်သည်။

ကိုယ့်အကြောင်းနှင့်ကိုယ်မင်းကိုဆက်ရန်အပါအဝင် တစ်ကိုယ်တော်တေးစီးရီးများနှင့် စုံတွဲအခွေ တေးစီးရီးပေါင်း မြောက်မြား စွာသီဆိုထားပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားတို့၏ ချစ်ခင်နှစ်သက်မှုကို ရရှိပိုင်ဆိုင်ထားသော နိုင်ငံကျော်တေးသံရှင် ချင်းတိုင်းရင်း သူ ဆုန်သင်းပါရ်က ထီရယ်ထန်းအနေဖြင့် စိတ်ဓာတ်မကျဘဲ မိမိယုံကြည်မျှော်မှန်းထားသည့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် အောင်ပွဲခံရင်း ယခုပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုကာ အောင်ပွဲခံနိုင်ပါစေကြောင်း ဆုတောင်းအားပေးခဲ့သည်။ ယင်းအပြင် ဆုန်သင်းပါရ်က ကမ္ဘာ့ချန်ပီယံခါးပါတ်နှစ်ခုကို သိမ်းပိုက်ထားသည့် အောင်လအန်ဆန်း၏ အောင်မြင်မှုနှင့် ဟဲဗီးဝိတ်တန်းချန်ပီယံ Brandon “The Truth” Vera စိန်ခေါ်ထိုးသတ်မှုကိုလက်ခံကာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သောမြန်မာ့စပါး အုံးကို အထူးချီးကျူးခဲ့သည်။

အောင်လအန်ဆန်းသည် မြန်မာတိုင်းရင်းသားလူငယ်များအား ချန်ပီယံအဖြစ်ဆက်လက်မွေးထုတ်ပေးနိုင်ရေး ကြိုးစားနေသလို ထီရယ် ထန်းအပေါ် မည်သည့်ရယူလိုမှုမှမရှိဘဲ လေ့ကျင့်သင်ကြားပေးနေမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဆုန်သင်းပါရ်က ပြောကြား ခဲ့သည်။ အထူးသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အောင်လအန်ဆန်းကဲ့သို့ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး၌ မိမိ နိုင်ငံသားအချင်းချင်း လက်တွဲဖေးမ ကူညီပေးရန် အထူးလိုအပ်နေသည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ဆုန်သင်းက အများကြီးအကြံပြုနိုင်တာမျိုး မရှိပေမယ့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လူငယ်ပိုင်းတွေမှာဆိုရင် စိတ်ဓာတ် တက်လွယ်၊ ကျလွယ်တာတွေ အများကြီးရှိနေပါတယ်။ အဲဒါလေးတစ်ခုကတော့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေတာပေါ့နော်။ လူငယ်တွေကို အားပေးဖို့ ဆုန်သင်း ပြောချင်တာပေ့ါနော်။ ပြီးတော့ (မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းက ထီရယ်ထန်းအပေါ်လက်တွဲခေါ်ယူ သင် ကြားပေးနေသည်ကို နမူနာယူပြီး) ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအနေနဲ့လည်း မြန်မာ တိုင်းရင်းသားအချင်းချင်း ကိုယ့်မိသားစုလိုမျိုး အခုလို သေသေချာချာလေးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ဟု ပြောသည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာစံတော်ချိန် ၄း၃၀ နာရီ၌ Skynetsport HD, SkynetSport 3 နှင့် MNTV (Free to Air) တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly