ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့တွင် အစိုးရကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား

ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့တွင် အစိုးရကိုဆန့်ကျင်သည့်ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွား

ဘိုကိုတာ၊ ဒီဇင်ဘာ ၅။    ။ ကိုလံဘီယာနိုင်ငံတွင် လက်ယာယိမ်းဝါဒီ သမ္မတ အီဗန်ဒူကေ့ ဦးဆောင်သည့်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံနှင့်အဝှမ်းဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၄ ရက်နေ့က မြို့တော် ဘိုကိုတာတွင် နှစ်ပတ်အတွင်း တတိယအကြိမ်အဖြစ် လူထောင်နှင့်ချီပြီး ချီတက်ဆန္ဒပြခဲ့သည်။

အီဗန်ဒူကေ့၏ အကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးမူဝါဒများကို မကျေနပ်သော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ၎င်း၏မေတ္တာရပ်ခံချက်ကို လျစ်လျူရှုလျက် ဆက်လက်ဖိအားပေးနေကြခြင်းဖြစ်သည်။ ဘိုကိုတာနှင့် အရှေ့မြောက်ပိုင်းရှိ ကာလီမြို့တို့တွင် အချို့လမ်းများကို ပိတ်ဆို့ထားသော်လည်း ဈေးဆိုင်များ ဖွင့်ထားကြဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ကလည်း ၁၅ လ သက်တမ်းရှိ ဒူကေ့အစိုးရကို အင်အား ၂၅၀၀၀၀ ခန့်ရှိပြည်သူ များက ပထမအကြိမ်ဆန္ဒပြခဲ့သည်။ လမ်းများတွင် ရဲများက လုံခြုံရေးယူထားပြီး နှစ်ပတ်တာ ဆန္ဒပြမှုအတွင်း ၄ ဦးသေဆုံးကာ အယောက် ၅၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့သည်။

 

သမဂ္ဂများ၊ ကျောင်းသားများ၊ ဆရာမများ၊ တိုင်းရင်းသားများ၊ အတိုက်အခံပါတီများနှင့်ဖွဲ့စည်းထားသည့် ကိုလံဘီယာ ဆန္ဒပြရေးကော်မတီသည် ဒီဇင်ဘာ ၃ ရက်နေ့က သမ္မတဒူကေ့၏ အကြံပေးများနှင့်တွေ့ဆုံခဲ့ကြ သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာမရရှိခဲ့ပေ။

ဆန္ဒပြရေးကော်မတီသည် ဒူကေ့၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုကို ရုပ်သိမ်းပေးရေးနှင့် FARC ပြောက်ကျား သူပုန်များနှင့် ၂၀၁၆ ခုနှစ်ကချုပ်ဆိုသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝလိုက်လျောပေးရေး အပါအဝင် အချက် ၁၃ ချက်ကို သမ္မတထံ တင်ပြတောင်းဆိုထားသည်။
    

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly