အမေရိကန် ပုလဲဆိပ်ကမ်း ရေတပ်စခန်းမှာ သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၂ ဦး သေဆုံး

အမေရိကန် ပုလဲဆိပ်ကမ်း ရေတပ်စခန်းမှာ သေနတ်ပစ်ခတ်မှုဖြစ်၍ လူ ၂ ဦး သေဆုံး

ဒီဇင်ဘာ ၅။               ။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းရှိ ပုလဲဆိပ်ကမ်း ရေတပ်အခြေစိုက်စခန်းတွင် ဒီဇင်ဘာ ၄ ရက်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွား၍ လူ နှစ်ဦး သေဆုံးသွားသည်ဟု အကြီးတန်း ရေတပ်အရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှု၏ ကျူးလွန်သူ လက်သည်တရားခံဖြစ်သည့် မေရိကန် ရေတပ်သင်္ဘောသားတစ်ဦးသည် ယင်းပစ်ခတ်မှုကို ကျူးလွန်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားသည်ဟုလည်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် ရေတပ်အခြေစိုက်စခန်းကို တစ်နာရီကျော်ကြာ ပိတ်ထားပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ထုတ်ပြန်သည်။

 

“လောလောဆယ် အတည်ပြုလို့ရတာကတော့ ဒီ ပစ်ခတ်မှုမှာ လူသုံးယောက် အပစ်ခံခဲ့ရပါတယ်၊ နှစ်ယောက်ကတော့ သေဆုံးသွားပါပြီ၊ ကျန်တဲ့တစ်ယောက်ကတော့ အခြေအနေကောင်းပါတယ်၊ ဆေးရုံမှာပါ” ဟု ယင်းစစ်စခန်းမှ ရေတပ်ဗိုလ်ချုပ် ရောဘတ် ချက်ဝစ်ခ်က ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်ထံလည်း သတင်းပို့ထားပြီး သမ္မတကိုယ်တိုင် အခြေအနေကို စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်သွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly