ထရမ့်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးဝါးလာနေပြီဟု စိတ်ပညာရှင်များ လွှတ်တော်ကို သတိပေး

ထရမ့်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးဝါးလာနေပြီဟု စိတ်ပညာရှင်များ လွှတ်တော်ကို သတိပေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ။         ။  ဒေါ်နယ်ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရန် စုံစမ်းစစ်ဆေးနေမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏ ကိုယ်ကျိုးသာ ကြည့်ပြီး ဆတ်ဆတ်ထိ မခံသည့် စိတ်သဘောထားမှ ဖြစ်တည် လာသည့်  စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားသုံးသပ်ရန်အထင်ကရ စိတ်ရောဂါကုဆရာဝန်ကြီး သုံးဦး ဦးဆောင် သည့်စိတ်ကျန်းမာရေး ပညာရှင် အဖွဲ့က အောက် လွှတ်တော် တရားစီရင် ရေးကော်မတီအား တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့ ခုချိန်ကျမှ ထုတ်ဖော်ပြောလာရတာက ကျွန်တော်တို့ ယုံကြည်ယူဆလာတာကြောင့်ပဲ။ ထရမ့်ကို အပြစ်ရှိကြောင်း စွဲချက်တင်ခံရဖို့က ဖြစ်လာဖို့ နီးကပ်လာပြီ။”ဟု ယေးလ်ဆေးပညာကျောင်း ပါမောက္ခ ဒေါက်တာ ဘန်ဒီလီ၊ ဂျော့ဝါရှင်တန်တက္ကသိုလ် ပါမောက္ခ ‌ဒေါက်တာ ဂျွန်ဇန်နာနှင့် CIA အမှုထမ်းဟောင်း ဒေါက်တာ ဂျာရို့ပို့စ်တို့ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

“ထရမ့်ရဲ့ စိတ်အခြေအနေဟာ အန္တရာယ်ဖြစ်လောက်အောင်အထိ ဖြစ်လာနိုင်ဖို့ ရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်လည်း ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ချက် တစ်ခုပဲဖြစ်တယ်။”ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအား ဒီဇင်ဘာ ၅ ရက်တွင် အောက်လွှတ်တော် တရားစီရင်ရေးကော်မတီသို့ တင်သွင်းရန် ရှိသည်။

စိတ်ကျန်းမာရေးပညာရှင်ပေါင်း ၃၅၀ ကလည်း ၎င်းတို့၏ မှတ်ချက်များနှင့်အတူ ယင်းအစီရင်ခံစာတွင် ပါဝင်လက်မှတ်ထိုးကြမည် ဖြစ်သည်။

သမ္မတထရမ့်အား အပြစ်ရှိကြောင်း စုံစမ်းစစ်ဆေးမှုတွင်လည်း တစ်စိတ်တစ်ဒေသအားဖြင့် သက်သေခံထွက်ဆိုရန် ဆန္ဒရှိနေကြောင်းလည်း အဆိုပါ အထင်ကရ စိတ်ရောဂါကုဆရာဝန်ကြီး သုံးဦးက ပြောသည်။

“ထရမ့်အပေါ် အပြစ်ရှိကြောင်း စွဲဆိုနေရာမှာ စိတ်ပညာရှုထောင့်ကနေ စောင့်ကြည့်ဖို့ ပျက်ကွက်မယ်ဆိုရင် ကြီးမားတဲ့ ရလဒ်ဆိုး ထွက်လာနိုင်ပါတယ်။”ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly