ဝီဂါမွတ်ဆလင်များကို ဖိနှိပ်ဆက်ဆံမှုအတွက် တရုတ်တာဝန်ရှိသူများအား ဆန်ရှင်ချမှတ်နိုင်မည့် ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်က အတည်ပြု

ဝီဂါမွတ်ဆလင်များကို ဖိနှိပ်ဆက်ဆံမှုအတွက် တရုတ်တာဝန်ရှိသူများအား ဆန်ရှင်ချမှတ်နိုင်မည့် ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်က အတည်ပြု

ဒီဇင်ဘာ ၄။                ။ ရှင်ကျန်းပြည်နယ်က ဝီဂါ မွတ်ဆလင် မျိုးနွယ်စုအပေါ် ဖိနှိပ်ဆက်ဆံမှုအတွက် တရုတ် အစိုးရ အဆင့်မြင့် တာဝန်ရှိသူများအား အရေးယူပိတ်ဆို့ရန် တောင်းဆိုသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၃ ရက်တွင် အတည်ပြုလိုက်သည်။

ယခု ဥပဒေကြမ်းအရ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းဒေသတွင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိကြောင်း၊ ယင်းဒေသတွင် ဝီဂါ နှင့်အခြားသော မွတ်ဆလင် လူနည်းစုဝင် ဦးရေ တစ်သန်းခန့်သည် အတင်းအကျပ် ထိန်းသိမ်းခံထားရကြောင်း ပြစ်တင်ထားသည်။

အလားတူ အဆိုပါ ဝီဂါမျိုးနွယ်စုများ ဖိနှိပ်ခံရခြင်းအတွက် တရုတ်အစိုးရ အဆင့်မြင့်တာဝန်ရှိသူများနှင့် ရှင်ကျန်း ဒေသ အကြီးအကဲဖြစ်သည့် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ချန် ကွမ်ကော်တို့အား ဆန်ရှင်ချမှတ်ရန်လည်း ယခုဥပဒေအရ တောင်းဆိုထားသည်။

ယခု ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီဖြစ်ကာ ယင်းနောက် ဆိနိတ် (အထက်လွှတ်တော်) နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့၏ အတည်ပြုချက် ဆက်လက် ရယူရဦးမည် ဖြစ်သည်။

ယခုကဲ့သို့ ဝီဂါ အရေး အမေရိကန် အောက်လွှတ်တော် မူကြမ်းအတည်ပြုမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက ဒေါသတကြီး ပြစ်တင်သွားခဲ့ပြီး ယင်းအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်သွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly