အရေးယူပိတ်ဆို့မှုများဖြင့် အီရန်ကို နှိပ်ကွပ်လိုသည့် အမေရိကန်၏ ရည်ရွယ်ချက် အထမမြောက်နိုင်ဟု ရိုဟာနီ ပြော

အရေးယူပိတ်ဆို့မှုများဖြင့် အီရန်ကို နှိပ်ကွပ်လိုသည့် အမေရိကန်၏ ရည်ရွယ်ချက် အထမမြောက်နိုင်ဟု ရိုဟာနီ ပြော

ဒီဇင်ဘာ ၄။      ။ အမေရိကန်တို့အနေဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီး နှိပ်ကွပ်ချေမှုန်းလိုလျက် ရှိသော်လည်း ယင်း ရည်ရွယ်ချက်မှာ အထမြောက်လိမ့်မည် မဟုတ်ကြောင်း အီရန်သမ္မတ ဟာဆန် ရိုဟာနီ  က ပြောကြားလိုက်သည်။

သမ္မတ ရိုဟာနီသည် ဒီဇင်ဘာ ၃ ရက်က တီဟီရန်တွင် မသန်စွမ်းများနှင့် တွေ့ဆုံပွဲတစ်ခုသို့ တက်ရောက်မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“ အကြီးမားဆုံးသော ပြစ်မှုကျူးလွန်သူလည်းဖြစ်သလို အကြမ်းဖက်အစိုးရလည်း ဖြစ်တဲ့ အမေရိကန်နဲ့ အပေါင်းပါ နိုင်ငံတွေဘက်ကတော့ ကျွန်တော်တို့ နိုင်ငံကို သူတို့ဆီမှာ ဒူးထောက်လာအောင် လုပ်ချင်နေကြပါတယ်၊ ဆန်ရှင်တွေ ချပြီးတော့ပေါ့လေ၊ ဒါပေမယ့် သူတို့ ဘယ်တော့မှ ကျွန်တော်တို့ကို နှိပ်ကွပ်သွားနိုင်မှာ မဟုတ်ပါဘူး” ဟု ရိုဟာနီက ပြောသွားသည်။

 

ယခုနှစ်အတွင်းမှာ အမေရိကန်နှင့် အီရန်အကြား အပြန်အလှန် တိုက်ခိုက်ပြောကြားမှုများနှင့်အတူ တင်းမာမှုများ မြင့်တက်လျက် ရှိသည်။

သို့သော် အကယ်၍ အမေရိကန်ဘက်ကသာ ဥပဒေနှင့်မညီသော ဆန်ရှင်များ အရင် ပြန်ရုပ်သိမ်းသွားမည် ဆိုပါက မိမိတို့အနေဖြင့် နျူကလီးယား ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်းလည်း ရိုဟာနီက ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly