အဓိကကျသည့် ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းတစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ဖွင့်လှစ်

အဓိကကျသည့် ဆောက်လုပ်ရေးလုပ်ငန်းစီမံကိန်းတစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ဖွင့်လှစ်

ဒီဇင်ဘာ ၃။         ။ မြောက်ကိုရီးယားတို့၏ အထွတ်အမြတ်ထားရာ တောင်တစ်လုံးအနီး ဖော်ဆောင်သည့် ဆောက်လုပ်ရေး ပရောဂျက်တစ်ခု ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ရာ ခေါင်းဆောင် ကင်မ်ဂျုံအန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

အဆိုပါ မြို့သစ် တည်ဆောက်မှု ပရောဂျက်သည် မြင့်မြတ်သော ပက်တူတောင်အနီး တည်ရှိပြီး ယင်းစီမံကိန်းကို ကင်မ်ဂျုံအန်းက တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပက်တူတောင်သည် ယင်းနိုင်ငံ၏ အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ပြီး ခေါင်းဆောင် ကင်မ်၏ ဖခင်၏ တရားဝင် မွေးဖွားရာနေရာဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြသည်။

အဆိုပါ ဆောက်လုပ်ရေး စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ထောင်နှင့်ချီသော စစ်သားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ယင်း အခမ်းအနား ကျင်းပရာနေရာနှင့် အဆိုပါ ဆောက်လုပ်ရေးပရောဂျက်တည်ရှိရာ ဧရိယာတွင် နှင်းများထူထဲစွာ ကျဆင်းနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly