ဘယ်လ်ဂျီယံ တိရစ္ဆာန်ရုံတွင် မွေးဖွားသည့် ရှားပါးမျိုးစိတ် ကြံ့ဖြူလေးတစ်ကောင်ကို ထုတ်ဖော်ပြသ

ဘယ်လ်ဂျီယံ တိရစ္ဆာန်ရုံတွင် မွေးဖွားသည့် ရှားပါးမျိုးစိတ် ကြံ့ဖြူလေးတစ်ကောင်ကို ထုတ်ဖော်ပြသ

ဒီဇင်ဘာ ၃။            ။ ဘယ်လ်ဂျီယံနိုင်ငံက တိရစ္ဆာန်ရုံတစ်ရုံတွင် မွေးဖွားခဲ့သည့် ရှားပါးမျိုးစိတ် ကြံ့ဖြူကလေးတစ်ကောင်ကို ဒီဇင်ဘာ ၂ ရက်က အများပြည်သူကို ထုတ်ဖော်ပြသခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ကြံ့ဖြူ ကလေးရော၊ မိခင်ကြံ့ကြီးပါ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

ယင်း ကြံ့ဖြူအထီးလေးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက Brugelette ဒေသ ပိုင်ရီဒိုင်ဇာ တိရစ္ဆာန်ရုံတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

 

ကြံ့ဖြူကလေး မွေးဖွားမှုက မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရသည့် ယင်း ရှားပါးကြံ့မျိုးစိတ်ကို ထိန်းသိမ်းထားနိုင်ရေး ကြိုးပမ်းမှုများအတွက် အားတက်စရာ ဖြစ်ခဲ့ရသည်။

WWF ၏ ထုတ်ပြန်ချက်အရ အဖြူရောင်ကြံ့များသည် လက်ရှိတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly