နှစ်သုံးဆယ်နီးပါးအတွင်း စီးပွားရေး အနှေးဆုံးဖြစ်နေသည့် တရုတ်တွင် တတိယမြောက် ဘဏ် ပြိုလဲ

နှစ်သုံးဆယ်နီးပါးအတွင်း စီးပွားရေး အနှေးဆုံးဖြစ်နေသည့် တရုတ်တွင် တတိယမြောက် ဘဏ် ပြိုလဲ

ဒီဇင်ဘာ ၃။        ။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် နှစ် ၃၀ အတွင်း အနှေးကွေးဆုံး ဖြစ်နေခြင်းကြောင့် သုံးလတာအတွင်း တတိယမြောက်ဘဏ် ပြိုလဲမှုဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ပြဿနာနှင့် ရင်ဆိုင်ရတော့ဖွယ် ရှိနေသည်။

Baoshang Bank နှင့် Bank of Jinzhou တို့ ပြိုလဲပြီးနောက် ကြွေးမြီ အမေရိကန်ဒေါ်လာ ထရီယံ ၄၀ ကြွေးပိသည့် Hengfeng Bank က စီးပွားရေးပြိုလဲကြောင်း investmentwatchblog.com အရ သိရသည်။

တစ်ဟုန်ထိုး ဖွံ့ဖြိုးမှုနှင့်အတူ ကြွေးမြီအဆင့်လည်း ဆိုးဝါးစွာ မြင့်တက်လာပြီးနောက် နှစ် ၂၀ နီးပါးအတွင်း တရုတ်နိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း The Financial Times သတင်းက ဖော်ပြသည်။

မေလအတွင်း Baoshang Bank ကို အစိုးရက လွှဲယူခြင်းဖြင့် စတင်ကာ ယခုနှစ်အတွင်း ပြည်တွင်း သုံးဘဏ်၏ လည်ပတ်နိုင်မှုကို အစိုးရက ဝင်ကယ်ပေးနေရသည်။ Baoshang Bank အား အစိုးရက လက်လွှဲယူခြင်းသည် ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံး ဘဏ်တစ်ဘဏ်အား အစိုးရက တိုက်ရိုက်ကိုင်တွယ်လိုက်ရခြင်းပဲ ဖြစ်သည်။

နိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ၁၃ ရာခိုင်နှုန်းသည် မြင့်မားသည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း တရုတ်ဗဟိုဘဏ်က သတိပေးထားသည်။

တရုတ်ပြည်သူ့ဘဏ်က ၎င်း၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အဆိုပါ ဘဏ်များ၏ အများစုသည် ကျေးလက်တောနယ်ပိုင်းကို အာရုံစိုက်လျက် ရှိနေသည်ဟု ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly