အမေရိကန်ပြည်ထောင်စုက ကလေးအလုပ်သမားများ

03 December 2019
အမေရိကန်ပြည်ထောင်စုက ကလေးအလုပ်သမားများ

MC: အမေရိကန်စိုက်ပျိုးရေးကဏ္ဍမှာ စနစ်တကျ သင်တန်းပေးခြင်းမရှိဘဲ ခိုင်းစေနေတဲ့ ကလေးအလုပ်သမားတွေ ရှိနေတယ်လို့ စစ်တမ်းအသစ်တခုမှာ ဖော်ပြထားပါတယ်။ အမေရိကန်လယ်ယာတွေအလုပ်လုပ်ကိုင်ရင်း ထိခိုက်တဲ့ ကလေး ၁ နေ့ကို ၃၃ ယောက်နှုန်းရှိပြီး တခြားကဏ္ဍတွေနဲ့ ယှဉ်ရင် စိုက်ပျိုးရေးကဏ္ဍမှာ ကလေးအလုပ်သမား အများဆုံး ခိုင်းစေထားတယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ အမေရိကန် စက်ပျိုးရေးဆေးပညာ ဂျာနယ်မှာ ပါရှိတဲ့ ဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။ စိုက်ပျိုးရေးကဏ္ဍက ကလေးအလုပ်သမားတွေကို အကာအကွယ်မပေးထားတဲ့ အမေရိကန်ဥပဒေတွေကို အပြစ်တင်နေကြပါတယ်။ VOA သတင်းထောက် Zlatica Hoke ပေးပို့တဲ့ သတင်းလွှာကို မညိုညိုလွင်က ပြောပြပေးပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly