အရှေ့-အနောက် စီးပွားရေးစင်္ကြကို ပေါင်းကူးပေးမည့် ထိုင်း-မြန်မာ တံတားသစ် ဖွင့်လှစ်

အရှေ့-အနောက် စီးပွားရေးစင်္ကြကို ပေါင်းကူးပေးမည့် ထိုင်း-မြန်မာ တံတားသစ် ဖွင့်လှစ်
A truck is ready to test drive the newly opened second Thai-Myanmar Friendship Bridge which connects Myawaddy with Mae Sot, part of the East-West Economic Corridor. (Photo by Yuichi Nitta)

ဒီဇင်ဘာ ၃။      ။ တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ကာ အရှေ့-အနောက် စီးပွားရေးစင်္ကြအဖြစ် ရုပ်လုံးဖော်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနှင့် မြန်မာကြားက တံတားသစ်တစ်စင်းကို ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။

ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ကို ဖြတ်သန်းသွယ်တန်းမည့် အဆိုပါ စင်္ကြသည် ကမ္ဘောဒီးယားအပါအဝင်ဖြစ်သော မဲခေါင်ဒေသ၏ ကုန်စည်စီးကြောင်းကို ပုံစံပြောင်းလဲစေနိုင်မည်ဖြစ်ကာ ကြီးမားသည့် အိန္ဒိယဈေးကွက်သို့ ချိတ်ဆက်မည့် စီးပွားရေးစင်္ကြပဲ ဖြစ်သည်။

အဆိုပါ ကုန်သွယ်လမ်းကြောင်းသစ်က တရုတ်အပေါ် မှီခိုနေရသည့် ဒေသတွင်း  စီးပွားရေးအချို့ကို ပုံစံပြောင်းလဲစေမှု ဖြစ်ကောင်းလာနိုင်သည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းက မြဝတီမြို့နှင့် ထိုင်းအနောက်ပိုင်း မဲဆောက်ခရိုက်ကို ချိတ်ဆက်သော အဆိုပါ ဒုတိယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို အောက်တိုဘာ နှောင်းပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းတံတားကို အမေရိကန်ဒေါ်လာ သန်း ၁၄၀ အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း ထိုင်းအစိုးရက ပြောသည်။

ကုန်တင်ကားများကို မြို့ရှောင်လမ်းမှ ခွင့်ပြုမောင်းနှင့်စေကာ ယခုတံတားကို အသုံးပြုခြင်းဖြင့် ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့စေမည်ဖြစ်သည်ဟု မြန်မာတာဝန်ရှိသူတစ်ဦးက ပြောသည်။

အရှေ့-အနောက် စင်္ကြလမ်းမကြီး စီမံကိန်းသည် ဗီယက်နမ်မှ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်သော ကီလိုမီတာ ၁၇၀၀ ရှည်လျားသည့် လမ်းပိုင်းစိမံကိန်းကြီးဖြစ်သည်။ ယင်းမှတစ်ဆင့် ဘင်္ဂလားအော် အိန္ဒိယအထိ လမ်းပေါက်မည် ဖြစ်သည်။

အစောပိုင်းက ယင်းစင်္ကြလမ်းမကြီး၏ အနောက်ပိုင်း လမ်းဆုံးအဖြစ် မြန်မာအရှေ့ပိုင်းက မော်လမြိုင်တွင် အဆုံးသတ်ရန် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့အထိ ချဲ့ထွင်ဖောက်လုပ်မည်ဖြစ်သည်။ ထိုသို့ ချဲ့ထွင်ပြီး Toyota Motor စက်ရုံပါ တည်ဆောက်လျက် ရှိသော ဂျပန်နိုင်ငံ၏ ကြီးကြပ်မှုဖြင့် အကောင်အထည် ပေါ်နေပြီဖြစ်သော သီလဝါအထူး စီးပွားရေးဇုန်အထိ ချိတ်ဆက်သွားမည်ဖြစ်သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly