အိန္ဒိယတွင် မိုးကြီးပြီး နံရံပြိုကျမှုဖြစ်ရာမှ မိသားစုလေးစု သေဆုံး

အိန္ဒိယတွင် မိုးကြီးပြီး နံရံပြိုကျမှုဖြစ်ရာမှ မိသားစုလေးစု သေဆုံး

နယူးဒေလီ၊ ဒီဇင်ဘာ ၂ ။      ။ အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဒီဇင်ဘာ ၂ ရက်က နံရံကြီးတစ်ခု ပြိုကျမှုဖြစ်ပြီး မိသားစု လေးစုမှ လူပေါင်း ၁၇ ဦးစလုံး ရှင်လျက် မြေမြုပ်ခံရကာ သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှ ကျေးရွာတစ်ရွာတွင် ထိုသို့ နံရံပြိုကျမှုဖြစ်သည်မှာ ၎င်းတို့ အိပ်ပျော်နေသည့် အချိန်တွင် ဖြစ်ပြီး သေဆုံးသူများတွင် ကလေးငယ်နှစ်ဦး ပါဝင်ကြောင်း ရဲတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပေ ၂၀ အမြင့်ရှိသည့် နံရံသည် နံနက် ငါးနာရီခွဲခန့်တွင် ပြိုကျမှုဖြစ်ခဲ့ကြောင်း Times of India သတင်းက ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် စိုစွတ်ရာသီချိန်ကာလအတွင်း စည်းကမ်းလျော့ရဲပြီး ပြုပြင်ထိန်းသိမ်းမှုနည်းပါခြင်းကြောင့် မိုးကြီးသည့် ဒဏ်မခံနိုင်ဘဲ အဆောက်အအုံများ ပြိုကျမှု ဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာလည်း မွမ်ဘိုင်းတွင် နံရံပြိုကျမှုဖြစ်ပြီး လူ ၃၀ သေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly