အမေရိကန် ဒု-သမ္မတဂျိုးဘိုင်ဒင် ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ၀င်မပြိုင်တော့ဟု ကြေညာ

အမေရိကန် ဒု-သမ္မတဂျိုးဘိုင်ဒင် ၂၀၁၆ သမ္မတရွေးကောက်ပွဲကို ၀င်မပြိုင်တော့ဟု ကြေညာ

ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ။             ။ အမေရိကန် ဒု-သမ္မတဂျိုးဘိုင်ဒင်က ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု အောက်တိုဘာ ၂၁က ကြေညာခဲ့ရာ ၎င်း၏ တစ်သက်တာနိုင်ငံရေးအိပ်မက်နှင့် လများစွာကြာမြင့်နေပြီဖြစ်သည့် ဒီမိုကရက်များကို ခွာပြဲစေသော စိတ်လှုပ်ရှားဖွယ် ခန့်မှန်းပြောဆိုချက်များမှာ အဆုံးသတ်သွားပြီဖြစ်သည်။

ပါတီ၏ အမည်စာရင်းတင်သွင်းခံရသူဖြစ်ရေး မကြိုးစားတော့ရန် ၎င်း၏ ဆုံးဖြတ်ချက်က တစ်ပြေးနေသူ ဟီလာရီကလင်တန်၏ လမ်းကြောင်းကို ပိုမိုရှင်းလင်းသွားစေခဲ့သည်။ "ကျွန်တော်တို့မှာ အမည်စာရင်းတင်သွင်းခံဖို့အတွက် မဲဆွယ်စည်းရေးလုပ်ဖို့ လိုအပ်တဲ့အချိန် မရှိတော့ဘူးလို့ ကျွန်တော်ယုံကြည်တယ်"ဟု ဘိုင်ဒင်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။   ပြောကြားနေစဉ်၎င်းဘေးတွင် ၎င်း၏ဇနီး ဂျီးလ်နှင့် သမ္မတဘားရက်အိုဘားမားတို့ ရှိနေခဲ့သည်။

ဘိုင်ဒင်၏ လများစွာ အချိန်ယူစဉ်းစားနေမှုက မေလက သားဖြစ်သူဦးနှောက်ကင်ဆာဖြင့် ကွယ်လွန်မှုကြောင့် ပြင်းထန်စွာပူဆွေးနေရမှု၊ ကလင်တန်အပေါ် ထင်သလိုဖြစ်မလာသည့်အတွက် ဒီမိုကရက်များက စိတ်ပျက်နေမှုတို့နှင့် တိုက်ဆိုင်နေသည်။

၇၂ နှစ်ရှိပြီဖြစ်သော အထက်လွှတ်တော်အမတ်ဟောင်းနှင့် နှစ်ကြိမ်တိုင် သမ္မတလောင်းဖြစ်ခဲ့သူ ဘိုင်ဒင်သည် ကလင်တန်ကို ယှဉ်ပြိုင်ရန် ရံပုံငွေရရှိရေး၊ ထောက်ခံမှုများရရှိရေးနှင့် မဲဆွယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းရေးအတွက် ရုန်းကန်ခဲ့ရဖွယ်ရှိသည်။သို့သော်လည်း ပါတီအကြီးအကဲတစ်ဦးအဖြစ်ဆက်နေရန်ကိုမူ ကြိုးစားခဲ့သည်။

"ကျွန်တော် ရွေးကောက်ခံသမ္မတလောင်းတစ်ဦးမဖြစ်တော့ပေမဲ့ ပါတီတစ်ခုအနေနဲ့ ကျွန်တော်တို့ ရပ်တည်တဲ့နေရာ၊ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့သွားဖို့လိုအပ်မဲ့နေရာနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်က ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသားပြောသွားမှာပါ"ဟု၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly