တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဖိလစ်ပိုင်သို့ ချဉ်းကပ်လာစဉ် လေပြင်းကျပြီး မိုးသည်းထန်စွာ ရွာသွန်း

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဖိလစ်ပိုင်သို့ ချဉ်းကပ်လာစဉ် လေပြင်းကျပြီး မိုးသည်းထန်စွာ ရွာသွန်း

ဒီဇင်ဘာ ၂။            ။ အားပြင်း တိုင်ဖွန်းမုန်တိုင်း ကမ်မူရီသည် ဒီဇင်ဘာ ၂ ရက်တွင် ဖိလစ်ပိုင်သို့ ချဉ်းကပ်လာနေပြီဖြစ်ကာ ယင်းနိုင်ငံတွင် လေပြင်းကျပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်နေကြောင်း သိရသည်။

မုန်တိုင်းကြောင့် ပြည်သူ ထောင်နှင့်ချီတို့လည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသကဲ့သို့ မနီလာမြို့အနီး ဆီးဂိမ်းပြိုင်ပွဲ အားကစားပွဲများအတွက် ပြင်ဆင်မှုများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီသည် ဒီဇင်ဘာ ၂ ရက် ညနေခင်း သို့မဟုတ် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံထဲ ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းကြောင့် နိုင်ငံ အရှေ့ပိုင်းတွင် မိုးများနိုင်ပြီး တစ်နာရီလေတိုက်နှုန်း ၁၁၅ မိုင်အထိ ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

အလားတူ မုန်တိုင်းသည် လက်ရှိ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပနေသည့် လူဦးရေ ၁၃ သန်းခန့်ရှိသော မနီလာမြို့အနီးကနေလည်း ဖြတ်သန်းသွားရန် ရှိနေသည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly