ရုရှားတွင် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ ထိုးကျမှု ဖြစ်ပွား၊ လူ ၁၉ ဦးထက်မနည်း သေဆုံး

ရုရှားတွင် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ ထိုးကျမှု ဖြစ်ပွား၊ လူ ၁၉ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၂။            ။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် ဒီဇင်ဘာ ၁ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တံတားပေါ်မှ ထိုးကျသွားခဲ့၍ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါဘတ်စ်ကားပေါ်တွင် လူ ၄၀ ကျော် လိုက်ပါလာခဲ့ပြီး ၎င်းတို့အနက် ၁၉ ဦး သေဆုံးသွားခြင်း ဖြစ်သည်။

ယင်းဘတ်စ်ကားသည် ဆိုက်ဘေးရီးယားအရှေ့ပိုင်း ဇာဘိုင်ကယ်စကိုင်း ဒေသရှိ ကူအန်ဂါတံတားပေါ် ဖြတ်သန်းမောင်းနှင်စဉ် တာယာကွဲပြီး အရှိန်မထိန်းနိုင်ဘဲ အောက်သို့ ထိုးကျပြီး ရေခဲပြင်ပေါ် ကျသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကားသည် ဆရီတန့်စ်ခ်မြို့မှ ချီတာမြို့သို့ ဦးတည်မောင်းနှင်သွားစဉ် ယခုအဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

“ ၁၉ ဦး သေပါတယ်၊ အခြား ၂၁ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရသွားပါတယ်” ဟု ဇာဘိုင်ကယ်စကိုင်း ဒေသ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သည်။

ယင်းဖြစ်စဉ် ဖြစ်ပြီးနောက် ရဟတ်ယာဉ်နှစ်စင်းနှင့်အတူ ဆေးဘက်ဝန်ထမ်းများ ချက်ချင်း သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သည်ဟုလည်း သိရသည်။

လက်ရှိအချိန်တွင် ယင်းဘတ်စ်ကား မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly