ဆီးရီးယားတွင် ဂျီဟက်စစ်သွေးကြွများကို လေကြောင်းဖြင့်တိုက်ခိုက်

ဆီးရီးယားတွင် ဂျီဟက်စစ်သွေးကြွများကို လေကြောင်းဖြင့်တိုက်ခိုက်

ဒီဇင်ဘာ ၂။       ။ ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်အနောက်မြောက်ဘက်ရှိ အယ်ဟာရာကီရွာ၌ ဒီဇင်ဘာ ၁ ရက်နေ့က ရုရှားကျောထောက်နောက်ခံပြုထားသော ဆီးရီးယားတပ်ဖွဲ့ဝင်များသည်  ဂျီဟက်စစ်သွေးကြွများကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင် ၇၀ ခန့် ကျဆုံးခဲ့သည်။

ရုရှားမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးကတည်းက အီဒလစ်ပြည်နယ် အနောက်မြောက်ပိုင်းသည် တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံးဒေသဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သူ Rami Abdul Aahman က ဆိုသည်။

ယခုနှစ်အစောပိုင်း တိုက်ပွဲများအရှိန်မြင့်လာကတည်းက နေရပ်စွန့်ခွါထွက်ပြေးသည့်အရပ်သားပေါင်း ရာနှင့်ချီ ရှိနေပြီဖြစ်သည်။

ဆီးရီးယားတပ်ရင်းဆီမှ ပြန်လည်သိမ်းပိုက်ထားသောဒေသများတွင် တပ်စွဲထားသည့် ဂျီဟက်စစ်သွေးကြွများနှင့် မဟာမိတ်သူပုန်များကို ဒီဇင်ဘာ ၁ ရက်နေ့ မနက်အစောပိုင်းနှင့်ညနေပိုင်းများတွင် ဆီးရီးယားတပ်များက စစ်လေယာဉ်များဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်။

ယမန်နေ့က စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးမှ သေဆုံးသူ တိုက်ပွဲဝင်ပေါင်း ၆၉ ဦး ထိရှိပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ သေဆုံးသူ များထဲ တွင် အနည်းဆုံး ဆီးရီးယားတပ်ရင်း ၃၆ ခုမှ တပ်ဖွဲ့ဝင်များပါဝင်ကြောင်းသိရသည်။

အီဒလစ်ဒေသသည် ဆီးရီးယားစစ်ဘေးရှောင်ပြည်သူများအပါအဝင် လူဦးရေသုံးသန်းခန့်နေထိုင်ပြီး ဂျီဟက် စစ်သွေးကြွများက ထိန်းချုပ်ထားခြင်းဖြစ်သည်။

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်သည်  နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်ကိုသာထိန်းချုပ်ထားနိုင်ပြီး အီဒလစ်အပါအဝင် နယ်မြေအားလုံးကို ပြန်လည်ရယူမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိကဝတ်ပြုခဲ့ကာ ဂျီ ဟက်များကို နှိမ်နင်းအနိုင်ယူခြင်းသည် ပဋိပက္ခများအဆုံးသတ်သွားစေမည့် သော့ချက်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly