မန်ယူနိုက်တက်ရဲ့ အမှတ်ပေးဇယားရပ်တည်မှုကို စိတ်မပူဘူးလို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ယူနိုက်တက်ရဲ့ အမှတ်ပေးဇယားရပ်တည်မှုကို စိတ်မပူဘူးလို့ ပြောလိုက်တဲ့ ဆိုးလ်ရှား
Photos: EPA

မန်ချက်စတာယူနိုက်တက်ဟာ နှစ်ပေါင်း (၃၁)နှစ်အတွင်း သူတို့ရဲ့ အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပေမယ့် နည်းပြ ဆိုးလ်ရှားက လိဂ်အမှတ်ပေးဇယားရပ်တည်မှုဟာ သူ့ရဲ့ "အကြီးမားဆုံး စိုးရိမ်မှုမဟုတ်ဘူး"လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်တို့ရဲ့ (၁၄)ပွဲကနေ ရရှိတဲ့ စုစုပေါင်းရမှတ် (၁၈)မှတ်ဟာ ၁၉၈၈-၈၉ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရလဒ်ဖြစ်ပြီး သူတို့ဟာ ဇယားအဆင့် (၉)မှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားက သူ့ရဲ့လူငယ်ကစားသမားတွေဟာ ပွဲတွေပိုပြီး အနိုင်ရဖို့ နီးစပ်နေတယ်လို့ အခိုင်အမာဆိုပါတယ်။

"ကျနော်တို့ နောက်တစ်ဂိုးလောက် ထပ်ရခဲ့ရင် အသင်းက အဆင့် (၅) ရောက်နေပြီဖြစ်တဲ့အကြောင်း အခုထိုင်ပြောနေလို့ရပြီ။"လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အိုးထရက်ဖို့ဒ်မှာ (၂-၂)ဂိုးနဲ့ သရေကျတဲ့ပွဲအပြီး ပြောပါတယ်။

"ဒီတော့ အမှတ်ပေးဇယားရပ်တည်မှုဟာ အကြီးမားဆုံး စိုးရိမ်မှုမဟုတ်ပါဘူး။ ဘာလို့လဲဆို အမှတ်ကွာတာတွေက ကျဉ်းမြောင်းလို့ပါ။"

"ကျနော်တို့ဟာ လူငယ်အသင်းတစ်သင်းပါ။ လိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးအသင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆိုတော့ အတွေ့အကြုံဟာ အချက်တစ်ချက်ပေါ့။ ဒါပေမယ့် ဒါဟာ ခွင့်လွှတ်ဖို့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မန်ချက်စတာယူနိုက်တက်ဖြစ်နေလို့ပါ။ ကျနော်တို့ ပွဲတွေကို အနိုင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

တနင်္ဂနွေနေ့ရဲ့ သရေရလဒ်က ယူနိုက်တက်တို့ကို ပရီးမီးယားလိဂ်မှာ အဆင့် (၉)နေရာကို ပို့လိုက်သလို ထိပ်ဆုံး (၄)နေရာကနေ (၈)မှတ်အထိ ကွာဟသွားစေပြီး လာမယ့်ပွဲစဉ်တွေမှာလည်း ခက်ခက်ခဲခဲကစားရဖို့ ရှိနေသေးပါတယ်။

ယူနိုက်တက်တို့ဟာ ဗုဒ္ဓဟူးနေ့မှာ နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်းကို လက်ခံကစားရမှာဖြစ်ပြီး ဒီပွဲနောက်မှာတော့ စနေနေ့မှာ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly