ဆီးဂိမ်းကျင်းပနေသည့် ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်း ဦးတည်လာနေ၍ လူထောင်ချီကို ရွှေ့ပြောင်းပေး 

ဆီးဂိမ်းကျင်းပနေသည့် ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်း ဦးတည်လာနေ၍ လူထောင်ချီကို ရွှေ့ပြောင်းပေး 
Photo: AFP

ဒီဇင်ဘာ ၁ ။       ။ အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ဦးတည်ချဉ်းကပ်လာနေ၍ ဖိလစ်ပိုင်တွင် ပြည်သူထောင်နှင့်ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုများ အာဏာပိုင်များ စတင်လုပ်ဆောင်နေရပြီ ဖြစ်သည်။

အဆိုပါ တိုင်ဖွန်းကြောင့်လည်း ဆီးဂိမ်းပြိုင်ပွဲစီစဉ်သူများသည် အချို့သော  အားကစားပွဲများကို ဖျက်သိမ်းခြင်း သို့မဟုတ် အစီအစဉ်ပြန်ရေးဆွဲခြင်းတို့ကို လုပ်ဆောင်ခဲ့ကြရသည်။

တစ်နာရီ၁၇၀ ကီလိုမီတာနှုန်းရှိသည့် တိုင်ဖွန်းမုန်တိုင်း ကမ်မူရီသည် ဖိလစ်ပိုင်သို့ ဒီဇင်ဘာ ၂ ရက် ညနေခင်း သို့မဟုတ် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် ညနေခင်းက ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် ကမ္ဘာကျော်လက်ဝှေ့သမား မန်နီ ပက်ကွီအို တို့ ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို ဦးဆောင်တက်ရောက်ပြီး မဖွင့်လှစ်ခင် နာရီပိုင်းခန့်မှာပင် ယင်းမုန်တိုင်းသည် ဖိလစ်ပိုင်  နယ်နမိတ်ထဲ စတင်ချဉ်းနင်းဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။

ဒီဇင်ဘာ ၁ ရက်နေ့လည်ခင်းအထိ မုန်တိုင်း ဦးတည်နေသည့် ဒေသများမှ ပြည်သူ ၃,၀၀၀ ကျော်ကို ယာယီခိုလှုံရေးစခန်းများသို့ ပို့ဆောင်ပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly