မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် ရေကြီးမှု ကျဆင်းစပြုလာသော်လည်း သေဆုံးသူ ၄၇ ဦးထိတိုးလာ

မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် ရေကြီးမှု ကျဆင်းစပြုလာသော်လည်း သေဆုံးသူ ၄၇ ဦးထိတိုးလာ

အင်အားပြင်းမုန်တိုင်း ဖိလစ်ပိုင်နိုင်ငံတွင်း တိုက်ခတ်သွားခြင်းကြောင့် နေရာတော်တော်များများတွင် ဖြစ်ပေါ်နေသည့် ရေကြီးမှုများက အောက်တိုဘာ ၂၁ ရက်တွင် ရေပြန်လည်ကျဆင်းလာသော်လည်း သေဆုံးသူနှုန်းက ၄၇ ဦးထိ တိုးခဲ့ပြီး ကယ်ဆယ်ရေးစင်တာများတွင် ထောင်ပေါင်းများစွာသော ပြည်သူများ သောင်တင်လျက်ရှိနေသည်။

တိုင်ဖုန်းမုန်တိုင်း ကော့ပူ တိုက်ခတ်ပြီးနောက် သုံးရက်တာတွင် ရာသီဥတုပြန်လည်ကောင်းမွန်လာသော်လည်း မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုများဖြစ်ရာ တာဝန်ရှိသူများက စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းနှင့် ကျွဲနွားတိရစ္ဆာန်များ ရေနစ်သေဆုံးခြင်းများကို တွက်ချက်စစ်ဆေးလျက်ရှိသည်။

"ရေက စီးနေဆဲပဲဖြစ်ပေမယ့် တစ်ချို့ဒေသနယ်မြေတွေမှာတော့ ရေကျစပြုလာလျက်ရှိနေပါပြီ"ဟု ဖိလစ်ပိုင် သဘာဝဘေးသက်ရောက်မှု စီမံရေးဆိုင်ရာ အစိုးရပရောဂျက်မှ ဒါရိုက်တာ မာဟာလက်မေက ပြောခဲ့သည်။

နိုင်ငံမြောက်ပိုင်း တောင်ထူထပ်ရာဒေသများတစ်လျှောက် မိုးသည်းသည်းထန်ထန်ရွာသွန်းမှုကြောင့် စိုက်ကွင်းများအတွင်း ရေဝင်ပျက်စီးမှုများစွာ ဖြစ်ခဲ့ရသည်။

ရေနစ်မြုပ်နေသည့် ကျေးရွာပေါင်းမှာ ၃၀၀ ကျော်ထက်မနည်းရှိသည်။ ရေက လုံးလုံးပြန်ကျသေးခြင်းမရှိ၍ ကယ်ဆယ်ရွှေ့ပြောင်းရေးစင်တာများတွင် ဆက်ပြီးနေနေရသူ ပြည်သူပေါင်း ၁၀၇၀၀၀ ကျော်ထက်မနည်းရှိနေဆဲဖြစ်သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ပြောခဲ့သည်။

ဖိလစ်ပိုင်တွင် အင်အားအပြင်းဆုံး မုန်တိုင်းအဖြစ် စူပါတိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် ၂၀၁၃ ခုနှစ်က ဖြစ်ပေါ်ခဲ့ပြီး ယင်းမုန်တိုင်းဒဏ်ကြောင့် သေကြေပျောက်ဆုံးသူပေါင်း ၇၃၅၀ ဦးကျော် အနည်းဆုံးရှိခဲ့သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly