ကြက်တောင်ကစားမယ် သက်ထားသူဇာ ကို Zeya & Associates ကုမ္ပဏီမှ  ကန်ဒေါ်လာ တစ်သောင်း ထောက်ပံ့

ကြက်တောင်ကစားမယ် သက်ထားသူဇာ ကို Zeya & Associates ကုမ္ပဏီမှ  ကန်ဒေါ်လာ တစ်သောင်း ထောက်ပံ့
ဓာတ်ပုံ - ဖူးအိအိနွယ်

ဒီဇင်ဘာလ ၁။               ။ မြန်မာ ကြက်တောင်အားကစားမယ်သက်ထားသူဇာ ကို  Zeya & Associates  ကုမ္ပဏီမှ မူးယစ်ဆေးဝါး ပညာပေးဇတ်လမ်းတိုများတွင်ပါဝင်ရိုက်ကူးရန်နှင့်အိုလံပစ်ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် အတွက်အမေရိကန်ဒေါလာတစ်သောင်းထောက်ပံ့ငွေပေးအပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲကိုဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဂျန်းရှင်းစကွဲ တွင် ပြုလုပ်ခဲ့သည်။

" အိုလံပစ်အတွက်က လာမည့်ဇန်နဝါရီလောက်မှ ပြိုင်ပွဲ ဝင်ဖြစ်မှပါ။ စာရင်းသွင်းထားတာ သုံးပွဲရှိပါတယ်။ မလေးရှား ၊အင်ဒိုနီးရှား ၊ ထိုင်း နိုင်ငံတို့ပါ။ ရိုက်ရ မရ ဆိုတာက မလေးရှားပွဲ အတွက်က လူစာရင်း တော့ ထွက်လာပါပြီ။  အဲဒါတော့မသေချာသေးပါဘူး။ ဖေဖော်ဝါရီ ၊ မတ်၊ ဧပြီလ မှာ  တစ်ခြားပွဲတွေလည်း ရိုက်ဖို့ရှိပါတယ်။ အဲဒါတွေက စာရင်းတော့မသွင်းရသေးပါဘူး " ဟု ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများနှင့် ပတ်သက်ပြီး မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက မီဒီယာများကိုပြောသည်။

Zeya & Associates သက်ထားသူဇာကို  အိုလံပစ်ပြိုင်ပွဲသို့  သွားရောက်ယှဉ်ပြိုင်ရန်အတွက် ပထမအကြိမ် ဒေါ်လာ ၅၀၀၀ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲ ပြီးဆုံးသွားချိန်တွင် ကျန်ရှိသည့် ဒေါ်လာ ၅၀၀၀ကို  ထပ်မံပေးအပ်သွားမည် ဟု Zeya & Associates ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇေယျသူရမွန် က ပြောသည်။

 

"ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံးကြိုးစားပြီးရိုက်ပါတယ်။ ဒီဆီးဂိမ်းကလည်း အရှေ့တောင်အာရှ ကစားသမားတွေများတယ်ဆိုတော့ အခုကလူစာရင်းတော့ ထွက်လာပြီး တစ်နိုင်ငံကို နှစ်ယောက်စီရိုက်ရမှပါ။ အားလုံးပေါင်း ၁၆ ယောက်ရှိတယ်။ ကောင်းတဲ့ကစားသမားတွေလည်း ရှိတော့ အကောင်းဆုံးရိုက်သွားမှ ပါ " ဟု သက်ထားသူဇာက ပြောသည်။

မြန်မာဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာကို  Get Ride  ၊  UAB Bank  နှင့် Zeya & Associates ကုမ္ပဏီတို့ မှ စပွန်ဆာ ပေးအပ်ထားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly