ပြည်သူ့ထံမှ အလှူခံသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူ ပြောကြား

30 November 2019
ပြည်သူ့ထံမှ အလှူခံသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူ ပြောကြား

ပြည်သူ့ထံမှ  အလှူခံသွားမည်ဟု  ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူ ပြောကြား
**********************************
ပြည်သူ့ရှေ့ဆောင်ပါတီ( PPP )သည်  နိုင်ငံအကျိုးကို ဆောင်ကြည်းမည့် ပါတီဖြစ်သောကြောင့်  ပြည်သူ့ လူထု၏ ထောက်ခံမှုနှင့် အတူ  ပြည်သူ့ထံမှ  အလှူခံသွားမည် ဖြစ်ကြောင်း  ပါတီ တည်ထောင် သူ  ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

 “  ပြည်သူ့အကျိုးအတွက် လုပ်တဲ့အတွက်ကြောင့် ပြည်သူ့တွေရဲ့ ထောက်ခံမှုကို ရမှ ကျွန်မတို့က ရမှာလေ။ ပါတီရေရှည် ရှင်သန်စေဖို့ ကုန်ကျစရိတ်တွေအများကြီး ရှိဦးမယ်။ ပြည်သူ့လူထုကို ဖိတ်ခေါ်ပြီး ပြည်သူ့လူထုက ကျွန်မတို့ကို ယုံကြည်ခြင်းဖြင့် ၊ ကျွန်မတို့ကို ထောက်ခံခြင်းဖြင့်  ပြည်သူ့လူထု  ပါဝင်ပြီး  လှူဒါန်းတဲ့ ရန်ပုံငွေတွေကိုလည်း   စနစ်တကျ သုံးစွဲခြင်းအားဖြင့် ၊တစ်နှစ်တစ်ခါ ဘဏ္ဍာရေး အစီရင်ခံစာ ထွက်မှာ ။ ကျွန်မတို့ ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပါတယ် “ ဟု   ဒေါက်တာ သက်သက်ခိုင်  က ပြောသည်။

 သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63641
ရိုက်ကူး/တည်းဖြတ် - နန့်ခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly