ဂျေလိုနဲ့ ကပ်စပါစမတ်တို့ ပြေလည်ပြီး Rock the Kasbash ဇာတ်ကား ပြသပွဲသို့ ပထမအကြိမ် အတူ တက်ရောက်

ဂျေလိုနဲ့ ကပ်စပါစမတ်တို့ ပြေလည်ပြီး Rock the Kasbash ဇာတ်ကား ပြသပွဲသို့ ပထမအကြိမ် အတူ တက်ရောက်

ကမ္ဘာကျော်မင်းသမီး ဂျနီဖာလိုပက်ဇ်နှင့် ကပ်စပါစမတ်တို့သည် Rock the Kasbah  ဇာတ်ကား ပွဲဦးထွက်ပြသပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ပြေလည်မှု ရရှိခဲ့ ပြီးနောက် ပထမဆုံးအကြိမ်  နှစ်ယောက်တွဲ တတ်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဂျေလိုသည်  ကြီးမားသော အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်မှန်ကြီးကို တပ်ဆင်ထားခြင်းကြောင့်  ပွဲသို့ တက်ရောက်လာသော သူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ဂျေလိုနှင့် ကပ်စပါတို့သည် ဇာတ်ကား ပွဲဦးထွက်ပွဲတွင် နှစ်ယောက်အတူ ဓာတ်ပုံ တွဲရိုက်ခဲ့ကြသည်။

ဂျေလိုသည်  ဇာတ်ကား ပွဲဦးထွက်ပွဲတွင် ရိုက်ခဲ့သော ဓာတ်ပုံများကို အောက်တိုဘာ ၂၀ ရက်က ၎င်း၏ Instagramတွင် တင်ခဲ့ပြီး ဓာတ်ပုံအောက်တွင် Movie night ဟူသော စာသားကို ရေးသားထားသည်။

ဂျေလိုနှင့် ကပ်စပါတို့သည် နှစ်နှစ်ကြာကျော်ကြာ တွဲခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်ဇွန်လက လမ်းခွဲခဲ့ကြသည်။ ဂျေလိုနှင့် ကပ်စပါတို့နှစ်ဦးကို အကြိမ်ပေါင်းများစွာ နှစ်ယောက်အတူ တွေ့ရှိခဲ့ ပြီးနောက် မေလက ကျင်းပပြုလုပ်သော ဘေလ်ဘုတ် ဆုပေးပွဲတွင် ကပ်စပါသည် ဂျေလိုနှင့်အတူ ထိုင်ခဲ့သည်ဟူသော ကောလဟာသတင်းကို အတည်ပြု ပြောကြားခဲ့သည်။

ဂျေလိုသည် စက်တင်ဘာလက ၎င်းတို့နှစ်ဦး အတူရှိနေသည့် ဗီဒီယိုဖိုင်ကို Instagram အကောင့်တွင် တင်ခဲ့ပြီးနောက် မကြာမီ စမတ်နှင့်အတူ iHeartMusic ပွဲတော် ဇာတ်စင်နောက်ဘက် တွင် အတူ ဓာတ်ပုံရိုက်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် မေလ နောက်ပိုင်းမှစ၍  ဇာတ်ကားပွဲဦးထွက် ပြသပွဲသို့ ပထမဆုံးအကြိမ် နှစ်ယောက်အတူ တတ်ရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly