ဆစ်ဒနီတွင် တွဲခုတ်နေတဲ့ တေယောင်နှင့် မင်ဟိုရင်

ဆစ်ဒနီတွင် တွဲခုတ်နေတဲ့ တေယောင်နှင့် မင်ဟိုရင်

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ BIGBANG အဖွဲ့ဝင် တေယောင်နှင့် မင်းသမီး မင်ဟိုရင်တို့နှစ်ဦးကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် အတူ တွေ့ရှိခဲ့သည်။

ဆဒ်စနီမြို့ပေါ်ရှိ လမ်းမများတွင် နှစ်ယောက်အတူ ရိုက်ထားသည့် ဓာတ်ပုံများကို အောက်တို ဘာ ၁၉ ရက်က Weibo အွန်လိုင်းတွင် တင်ခဲ့သည်။ မင်ဟိုရင်သည်  ဆစ်ဒနီမြို့တွင် ကျင်းပ ပြုလုပ် နေသော BIGBANG အဖွဲ့ ဖျော်ဖြေပွဲသို့ တတ်ရောက်နေသည့် ဓာတ်ပုံများကို ရိုက်ခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများနှင့်အတူ ထမင်းစားခဲ့ကြပြီး ဆစ်ဒနီမြို့တစ်ဝိုက်တွင် ရှုခင်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။

မင်ဟိုရင် 1 AM တေးဂီတဗီဒီယိုတွင် ပါဝင် သရုပ်ဆောင်ခဲ့ချိန် တေယောင်နှင့် မင်ဟိုရင်တို့၏ ချစ်ဇာတ်လမ်း စတင်ခဲ့ခြင်း ဖြစ်သည်။ တေယောင်နှင့် မင်ဟိုရင်တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လက ၎င်းတို့နှစ်ဦး တွဲနေသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags