၂ နှစ်အတွင်း ဒီရေတော ဧက ငါးထောင်ခန့် စိုက်ပျိုးခဲ့

29 November 2019
၂ နှစ်အတွင်း ဒီရေတော ဧက ငါးထောင်ခန့် စိုက်ပျိုးခဲ့

မြန်မာသစ်တောများ ပြန်လည် ထူထောင်ရေး စီမံကိန်းအဖြစ် နှစ်နှစ်တာ ကာလအတွင်း ဒီရေတော ပျိုးထောင်စိုက်ပျိုးမှု ဧက ငါးထောင်ခန့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေရေးနှင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်ရန်အတွက် ဒီရေ တောဂေဟစနစ်များကို အသုံးချခြင်းဆိုင်ရာ ပထမဆုံးစာတမ်းဖတ်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဒီရေတောများကို ၁၀ နှစ်စီမံကိန်းအတွင်း ဧက သုံးသောင်း အထိ စိုက်ပျိုးသွားရန် လျာထားလုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ ရိုက်ကူး/တင်ဆက်- နန့်ခိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly