ဟုတ်တယ် မဟုတ်ဘူး ဖေ့ဘုတ်ပေ့ချ်ရဲ့ messanger bot ကနေ သတင်းအချက်အလက် အမှားအမှန်စိစစ်နိုင်ပြီ

29 November 2019
ဟုတ်တယ် မဟုတ်ဘူး ဖေ့ဘုတ်ပေ့ချ်ရဲ့ messanger bot ကနေ သတင်းအချက်အလက် အမှားအမှန်စိစစ်နိုင်ပြီ

ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO)က ပြုစုထားတဲ့ မီဒီယာနဲ့ သတင်းအချက်အလက် သိနားလည်မှု သင်ရိုးညွှန်းဝဘ်ဆိုက်ဒ်နဲ့ သတင်းအချက်အလက်အမှားအမှန် စိစစ်ပေးတဲ့ မြန်မာနိုင်ငံရဲ ပထမဦးဆုံး Fact checking Facebook Messanger bot ဖြစ်တဲ့ ဟုတ်တယ် မဟုတ်ဘူးကို နိုဝင်ဘာ ၂၉ရက်နေ့က Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဂျစ်တယ်ခေတ်ကြီးမှာ သတင်းအချက်အလက်တွေကို ဖတ်ရှုဖို့က လွယ်ကူမြန်ဆန်လာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဆိုးကျိုးအနေနဲ့ သတင်းအမှန် အချက်အလက်အမှန်တွေကို လူတွေက ခွဲခြားသိမြင်နိုင်ဖို့အတွက် ခက်ခဲလာပါတယ်။ Messanger bot ကို ၂၀၁၈ခုနှစ်လောက်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၂၀၁၉ သြဂုတ်မှာစတင်အသုံးပြုခွင့်ပေးခဲ့တာပါ။ အခုဆိုရင် Messanger bot ကိုအသုံးပြုသူ ၈၅၀ကျော်ရှိပြီလို့ သိရပါတယ်။ ရိုက်ကူး / တည်းဖြတ် - လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required