(၁၈)လကြာ ကိုင်တွယ်ပြီးနောက် နည်းပြ အူနိုင်း အမ်မရီကို ထုတ်ပယ်လိုက်တဲ့ အာဆင်နယ်

(၁၈)လကြာ ကိုင်တွယ်ပြီးနောက် နည်းပြ အူနိုင်း အမ်မရီကို ထုတ်ပယ်လိုက်တဲ့ အာဆင်နယ်
Photo: EPA

အူနိုင်း အမ်မရီဟာ အာဆင်နယ်အသင်းကို (၁၈)လကြာ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အမ်မရီဟာ ဆီဗီးလာအသင်းနဲ့ ယူရိုပါလိဂ် (၃)ကြိမ် ဆွတ်းခူးပြီး ပီအက်စ်ဂျီအသင်းကို ပြင်သစ်လီဂူ-၁ အမှတ်ပေးဖလား ရယူနိုင်အောင် ဦးဆောင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ အမ်မရီဟာ ၂၀၁၈ ခုနှစ် မေလက အာဆင်ဝင်းဂါးရဲ့ နေရာမှာ ခန့်အပ်ခံရသူဖြစ်ပါတယ်။

သူ့ရဲ့နေရာမှာ လက်ထောက်နည်းပြနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဖရက်ဒီ ယွန်းဘတ်ကို ယာယီအစားထိုးလိုက်တယ်လို့ အာဆင်နယ်အသင်းက အတည်ပြုခဲ့ပါတယ်။

 

"အသင်းရဲ့ ရလဒ်တွေနဲ့ စွမ်းဆောင်ရည်တွေက လိုအပ်တဲ့ အဆင့်မှာ ရှိမနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဆုံးဖြတ်ချက်ချလုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့"ဆိုပါတယ်။

ဂန်းနားတို့ဟာ (၇)ပွဲမှာ နိုင်ပွဲလုံးဝမရခဲ့ဘဲ ကြာသတေးနေ့က ယူရိုပါလိဂ်မှာ အိမ်ကွင်းမှာ ဖရန့်ဖတ်ကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

သူတို့ဟာ အောက်တိုဘာ ၆ ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရရှိဘဲ ထိပ်ဆုံး အဆင့် (၄)နေရာကနေ (၈)မှတ်ထိ ဝေးကွာနေပါတယ်။

အမ်မရိတ်မှာ အသက် (၄၈)နှစ်အရွယ်ရှိ အမ်မရီရဲ့ ပထမဆုံးရာသီမှာ သူတို့ဟာ အမှတ်ပေးဇယားမှာ အဆင့် (၅)နေရာနဲ့ ပြီးဆုံးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly