ပြည်တွင်းပြိုင်ကားမောင်းသမား အယောက်၉၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည့် MASDC_ ROUND_ DRIFT &TIME ATTACK ကားမောင်းပြိုင်ပွဲ

ပြည်တွင်းပြိုင်ကားမောင်းသမား အယောက်၉၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည့် MASDC_ ROUND_ DRIFT &TIME ATTACK ကားမောင်းပြိုင်ပွဲ
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၂၉။        ။  ပြည်တွင်းပြိုင်ကား မောင်းသမား အယောက် ၉၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်မည့် MASDC Myanmar Auto Sport & Drift Champion 2019 Round 2 ပြိုင်ပွဲကို ရန်ကုန်မြို့၊သုဝဏ္ဏဘူမိ EventParkတွင် နိုဝင်ဘာလ ၂၉  ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ  နံနက် ၁၀ နာရီမှ ည ၉ နာရီအထိ  ၃ ရက်တိုင်း ယှဉ်ပြိုင်သွားကြမည်ဟု သိရသည်။

"ဒီလိုပွဲတွေများများလုပ်နိုင်ေအာင်လို့ အစိုးရဘက်ကလုပ်ပေးနိုင်စွမ်းရှိတဲ့လူကြီးတွေ အကုန်လုံး က ဒီလိုမျိုး Motor Sports အားကစားကို ဒီထက်ပိုပြီးထွန်းကားကျယ်ပြန့်လာအောင် ပိုပြီးထောက်ပံ့ ပေးနိုင်ဖို့ နဲ့ လူငယ်တွေကို ယုံကြည့်ပြီးတော့ အားပေးဖို့အတွက် ပြိုင်ကားချစ်သူတွေကိုယ်စား တောင်းဆိုပေးစေချင်ပါတယ် "  ဟု MASDC_ROUND_DRIFT &TIME ATTACK ကားပြိုင်ပွဲ ၏ Race Control မြန်မာဘက်မှ တာဝန်ယူထားသည့် Yangon Nation မှာ  ကိုမော်ဇီချမ်း က ပြောသည်။

 

ယခုနှစ်ပြိုင်ပွဲတွင် ပြီးခဲ့သည့်ပွဲစဉ်ကကဲ့သို့ Time Attack နှင့် Drift ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ များကို Race 1 ၊ Race 2 ၊ Class A Class B ဆိုသည့်အဆင့်သတ်မှတ်ချက်နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ထို့အပြင်ပြိုင်ပွဲအတွက် အလွန်အရေးကြီးသည့် လုံခြုံ‌ရေးအစီအမံများ၊ အရေးပေါ် အသက်ကယ်ဆယ်ရေးအစီအစဉ်များအပြင် နိုင်ငံတကာအသိအမှတ်ပြု ဒိုင်များကိုအသုံးပြု ထားကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ကားမောင်းဝတ်စုံ ၊ ပြိုင်ကားမောင်းဦးထုပ် ၊ ပြိုင်ကောင်းမောင်း လက်အိတ် ၊ ပြိုင်ပွဲမောင်းဖိနပ်တို့ဖြင့်သာ မောင်းနှင်းရန်သတ်မှတ်ထားကြောင်းသိရသည်။

“ပြိုင်ပွဲက အကုန်လုံးနီးနီးပြိုင်ဖြစ်ပါတယ်။ အမှတ်တရက အရင်က ဒီမှာကွင်းမရှိတော့ ပြင်ဦးလွင်မှာ သွားပြိုင်ရပါတယ်။ အခုဆို ရန်ကုန်မှာနှစ်ပွဲဆက်တိုက်လုပ်ြဖစ်တယ်။ နောက်လည်းပွဲတွေ အများကြီး လုပ်ဖြစ်စေချင်ပါတယ်။ ဒီမှာ တကယ်ငွေအကုန်ခံပြီး ကြိုးစား နေတဲ့လူငယ်တွေ အများကြီးပါ။ ဝါသနာတွေက တော်တော်ကြီးပင်ပန်းပါတယ်။ လာကြည့်တဲ့လူတွေလည်း ကစားသမားတွေ စိတ်ဓာတ်ဘယ်လောက်ပြင်းတယ်ဆိုတာ တွေ့ရပါလိမ့်မယ် "  ဟု ပြိုင်ပွဲဝင်ကစားသမားတစ်ဦး ဖြစ်သူ Yangon Nation  မှ ကိုမိုးခန့် က ပြောသည်။

မြန်မာနိုင်ငံတွင်လည်း Motor sports နှင့်ပတ်သက်သည့် အားကစားပြိုင်ပွဲများ ရှိကြောင်းကိုပြသရန်၊ Drift ဆွဲရာတွင် Skill full ဖြစ်သည့် လူငယ်ကစားသမားများနှင့် Motor Sports ကို အမှန်တကယ် ရူးသွပ်သည့် လူငယ်ကစားသမားများရှိ‌ကြောင်းနှင့် အဆိုပါလူငယ်ဝါသနာရှင်များအ‌နြေဖင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ထိုးဖောက်ခွင့်ရရန်အတွက် MASDC_ROUND_DRIFT &TIME ATTACK ကို ဒုတိယအကြိမ်မြောက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly