နိုဝင်ဘာ ၂၉။ ။ ဒုံးကျည်အများအပြားကို ပစ်လွှတ်နိုင်သော အကြီးစား ဒုံးပစ်လောင်ချာစနစ်ကို စမ်းသပ်ခဲ့ဟု မြောက်ကိုရီးယားတို့ အတည်ပြုလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်က အမျိုးအမည် မသိရသော ဒုံးကျည်များ မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားတို့က ယမန်နေ့က ထုတ်ဖော်ခဲ့ပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယားတို့က အတည်ပြုလိုက်ခြင်း ဖြစ် သည်။
ယင်းသည် အမေရိကန် ကျေးဇူးတော်နေ့ အားလပ်ရက် နှင့် တိုက်ဆိုင်လျက် မြောက်ကိုရီးယားတို့က ယခုလက်နက်များကို ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြုံယမ်းနှင့် ဝါရှင်တန်အကြား နျူကလီးယား ဆွေးနွေးမှုများသည်လည်း ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေလျက် ရှိသည်။
ယခု ဒုံးလက်နက်များသည် ဟမ်ဂျောင်ပြည်နယ် တောင်ပိုင်းကနေ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ဂျပန်ပင်လယ်တွင်း ကျသွားခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်တို့က ထုတ်ပြန်ခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/