ကွန်ဂိုမှာ လူအစုပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွား

ကွန်ဂိုမှာ လူအစုပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွား

ကင်ရှာဆာ၊ နိုဝင်ဘာ ၂၉ ။           ။ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်သူ့စစ်အဖွဲ့တစ်ရပ်က နိုဝင်ဘာ ၂၈ ရက်က ကျုးလွန်သော လူအစုပြုံလိုက် သတ်ဖြတ်မှုတွင် သေဆုံးသူ ၂၇ ဦးရှိကြောင်း ရဲဌာနက သေဆုံးသူထပ်တိုးစာရင်းကို ထုတ်ပြန်သည်။

ဘီနီမြို့မှ ၁၈ မိုင်ခန့်အကွာ အိုးချားမြို့တွင် ဖြစ်ပွားသော ယင်းအစုပြုံလိုက် သတ်ဖြတ်မှုမှာ လည်ပင်းကို ဓားဖြင့် လှီဖြတ်ကာ သတ်ဖြတ်ထားခြင်း ဖြစ်သည်ဟု ဌာနေတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရုပ်အလောင်း ၂၇ လောင်းကို အိုးချားရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသားသည်။ နိုဝင်ဘာ ၅ ရက်မှ စတင်ဖြစ်ပွားသော ဘီနီမြို့ဝန်းကျင်က သတ်ဖြတ်မှုများသည် ယခု သတ်ဖြတ်ခံရသူ ဦးရေကြောင့် သတ်ဖြတ်ခံရကာ သေဆုံးသူပေါင်း ၁၀၇ ဦးအထိ ရှိသွားခြင်းပင် ဖြစ်သည်။

၁၉၉၀ ခုနှစ်များမှစတင်ပြီး ကွန်ဂိုအရှေ့ပိုင်းတွင် ပုန်ကန်ထကြွနေသည့် မဟာမိတ်ဒီမိုကရက်တစ်တပ်ပေါင်းစု ADF ပြည်သူ့စစ်အဖွဲ့က ယခု အစုပြုံလိုက် သတ်ဖြတ်မှုများကို ကျုးလွန်နေခြင်း ဖြစ်သည်။

ထို သတ်ဖြတ်မှုများကြောင့် ဒေသတွင်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးမစ်ရှင်အဖွဲ့ဖြစ်သော MONUSCO မစ်ရှင်အား ဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်တွင် ဗြိတိန်၊ ကနေဒါ၊ ဆွစ်ဇာလန်နှင့် ကုလသမဂ္ဂတို့မှ သံတမန်များက MONUSCO မစ်ရှင်အား ဆန့်ကျင်တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒေသတွင်း ယခုကဲ့သို့ သတ်ဖြတ်မှုများ ကျုးလွန်နေသည့် လက်နက်ကိုင်အုပ်စုကို အမြစ်လှန် ချေမှုန်းရမည် ဖြစ်သည်။”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags