အယ်လ်ဘေးနီးယား ငလျင်တွင် သေဆုံးသူ ၄၀ အထိရှိလာ

အယ်လ်ဘေးနီးယား ငလျင်တွင် သေဆုံးသူ ၄၀ အထိရှိလာ

တီရာနာ၊ နိုဝင်ဘာ ၂၈။      ။ ဥရောပတစ်နိုင်ငံဖြစ်သည့် အယ်လ်ဘေးနီးယားနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က လှုပ်သွားသည့် အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်းသည် နိုဝင်ဘာ ၂၈ ရက်တွင် ဦးရေနှုန်းထား ၄၀ အထိ ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

ပြီးခဲ့သည့် ညက အပျက်အစီးပုံအောက်မှာ သေဆုံးသူ ရုပ်အလောင်း ဆယ်လောင်းထက်မနည်းကို တွေ့ရှိဆွဲထုတ်ခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသူ နှုန်းထား တိုးလာခြင်းဖြစ်သည်။

ပြင်းအား ၆ ဒသမ ၄ အဆင့် ရှိ ငလျင်လှုပ်သွားပြီးနောက် အက်ဒရီယာတစ်ကမ်းရိုးတန်းအနီးက မြို့များတွင် အဆောက်အအုံများ ပြိုကျမှုဖြစ်ပြီး အပျက်အစီးများပုံအောက် လူများ ပိတ်မိနေခြင်းဖြစ်ရာ ကယ်ဆယ်ရေးများ ဆောင်ရွက်နေဆဲ ဖြစ်သည်။

“ညက ဒီ ရုပ်အလောင်း ဆယ်လောင်းကို တွေ့ရှိတာပါ။ ဒီအတွက် ငလျင်ဘေးမှာ သေဆုံးသူဟာ ၄၀ အထိ ရှိပြီ ဖြစ်ပါတယ်။”လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အဆိုပါ ငလျင်ဘေးအတွက် ဥရောပ တစ်နံတစ်လျားမှ ပညာရှင်များက အကူအညီများ ပေးလျက်ရှိသည်။

ထိုသို့ အပျက်အစီးပုံအောက်မှာ အသက်ရှင်လျက် တွေ့ရှိ ဆွဲထုတ်နိုင်ကာ ဆေးရုံတင်ပို့ထားသူပေါင်းက ၄၆ ဦးအထိ ရှိသည်ဟု သိရသည်။

အပျက်အစီးများပုံအောက် ကြမ္မာဆိုး ကြုံနေရမည့် လူပေါင်း မည်မျှအထိ ရှိမည်ကို မသိရနိုင်သေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly