ကလေးသူငယ်များအပေါ် လိင်ပြစ်မှုကျူးလွန်သူကို အင်ဒိုနီးရှားက ဓာတုဗေဒနည်းဖြင့် သင်းကွပ်ပစ်မည်

ကလေးသူငယ်များအပေါ် လိင်ပြစ်မှုကျူးလွန်သူကို အင်ဒိုနီးရှားက ဓာတုဗေဒနည်းဖြင့် သင်းကွပ်ပစ်မည်

ဂျာကာတာ၊ အောက်တိုဘာ-၂၁ ။          ။ ကလေးသူငယ်များကို ကျူးလွန်သည့် လိင်ရာဇဝတ်မှုများ သတင်းစာမျက်နှာများတွင် နေရာယူလာပြီးနောက်တွင် ကလေးသူငယ်များကို လိင်ဆွဲဆောင်သူများအား ဓာတုဗေဒနည်းသုံး၍ သင်းကွပ်အပြစ်ပေးခွင့်ပြုသည့် အမိန့်ဒီဂရီတစ်ရပ်ကို အင်ဒိုနီးရှားသမ္မတက မကြာမီ လက်မှတ်ထိုးတော့မည်ဖြစ်သည်။

အင်ဒိုနီးရှားမှာ ပိုလန်၊ ရုရှ၊ အက်စတိုးနီးယားနှင့် အမေရိကန်အချို့ပြည်နယ်များအပါအဝင် အလားတူပြစ်ဒဏ်မျိုးကို ခွင့်ပြုသည့် နိုင်ငံအနည်းစုထဲတွင် ပါဝင်လာတော့မည်ဖြစ်သည်။ ၂၀၁၁ခုနှစ်တွင် တောင်ကိုရီးယားမှာ ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်းကို ပြစ်ဒဏ်အဖြစ်အသုံးပြုသည့် ပထမဆုံး အာရှနိုင်ငံဖြစ်လာခဲ့သည်။

‘ကျနော်တို့ ကလေးသူငယ်လိင်စော်ကားမှုတွေကို အလွန်ပဲ စိုးရိမ်မိပါတယ်။ ဒီဖြစ်စဉ်တွေက ပုံမှန်ထက်ထူးကဲတဲ့ အဆင့်ကို ရောက်နေပါပြီ’’ဟု ရှေ့နေချုပ် အိပ်ချ်အမ် ပရာဆတ်ယိုက အင်္ဂါနေ့နှောင်းပိုင်းက အစိုးရအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဓာတုဗေဒနည်းအရ သင်းကွပ်ရာတွင် ကလေးသူငယ်များအား လိင်ဆွဲဆောင်မှုဖြင့် ပြစ်မှုထင်ရှားသူများကို  ၎င်းတို့၏ လိင်ဆန္ဒ ကွယ်ပျောက်သွားစေလိုသောဆန္ဒဖြင့် မဟော်မုန်းဆေးများ ထိုးသွင်းမှု ပါဝင်မည်ဖြစ်သည်။

ယမန်နှစ်က အမေရိကန်သံရုံးက ကျောထောက်နောက်ခံပေးထားသည့် ဂျကာတာ ယဉ်ကျေးမှုဖလှယ်ရေးကျောင်းတွင် ကလေးထိန်းတစ်စုက ၆နှစ်အရွယ် ကျောင်းသူတစ်ယောက်ကို မုဒိမ်းကျင့်မှုက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များချမှတ်ပေးရေး တောင်းဆိုမှုများကို မြင့်တက်လာစေခဲ့သည်။
ယခုလအစောပိုင်းက ဂျာကာတာတွင် ၉နှစ်အရွယ် ကျောင်းသူတစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်မှုနောက်ပိုင်းတွင် အခြား လူသိထင်ရှား ကလေးသူငယ် လိင်စော်ကားမှု အမြောက်အများ ထွက်ပေါ်လာခဲ့သည်။ ကျောင်းသူအား မိုဘိုင်းဖုန်း အားသွင်းကြိုးဖြင့် တုပ်နှောင်၍ မုဒိမ်းကျင့်ခဲ့သည်ဟု ရဲက ယူဆသော ထိုအမှုတွင် ၃၉နှစ်အရွယ် ယောကျ်ားတစ်ယောက်ကို ဖမ်းဆီးခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly