နီပေါတွင် ဘတ်စ်ကားတစ်စီး တောင်ပေါ်လမ်းကနေ ချောက်ထဲထိုးကျ၍ လူ ၁၈ ဦးထက်မနည်း သေဆုံး

နီပေါတွင် ဘတ်စ်ကားတစ်စီး တောင်ပေါ်လမ်းကနေ ချောက်ထဲထိုးကျ၍ လူ ၁၈ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၂၈။           ။ နီပေါနိုင်ငံတွင် ခရီးသည်ဘတ်စ်ကားတစ်စီး တောင်ပေါ်လမ်းတစ်ခုတွင် မောင်းနှင်ခဲ့စဉ် လမ်းချော်ပြီး နက်ရှိုင်းသည့် ချောက်ထဲ ထိုးကျသွားခဲ့၍ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်တွင် အခြား လူ ၁၃ ဦးခန့်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြို့တော် ခတ္တမန္ဒူ၏ အနောက်ဘက် ကီလိုမီတာ ၂၄၀ ခန့်အကွာ နာပါနီ ကျေးရွာအနီး ယင်း ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘတ်စ်ကားသည် အမြင့်ပေ ၁,၀၀၀ ခန့်ရှိ ချောက်တစ်ခုထဲ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း ဘတ်စ်ကား မတော်တဆမှုဖြစ်ပြီးနောက် ရဲများ၊ စစ်သားများ၊ ရွာသူရွာသားများ ဝိုင်းဝန်းကူညီကယ်ဆယ်ပေးခဲ့ရေကြာင်း သိရသည်။

အဆိုပါ ဘတ်စ်ကားမတော်တဆမှု ဘာကြောင့် ဖြစ်ပွားရသည် ဆိုသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက် ရှိသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly