ဖိလစ်ပိုင်ကနေ ငှားထားသည့် ရှားပါး လင်းယုန်ငှက်များကို စင်ကာပူ ထုတ်ဖော်ပြသ

ဖိလစ်ပိုင်ကနေ ငှားထားသည့် ရှားပါး လင်းယုန်ငှက်များကို စင်ကာပူ ထုတ်ဖော်ပြသ

နိုဝင်ဘာ ၂၈။           ။ မျိုးသုဉ်းလုနီး ရှားပါး လင်းယုန်ငှက် နှစ်ကောင်ကို နိုဝင်ဘာ ၂၇ ရက်တွင် စင်ကာပူတွင် အများပြည်သူကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ယင်း လင်းယုန်ငှက်နှစ်ကောင်ကို ဖိလစ်ပိုင်ကနေ ငှားရမ်းပြီး စင်ကာပူသို့ ခေါ်ဆောင်ထားခြင်း ဖြစ်သည်။

အဆိုပါ လင်းယုန်ငှက်မျိုးသည် လက်ရှိတွင် အကောင်ရေ အလျင်အမြန် ကျဆင်းနေသည့်အတွက် ယင်း ပြဿနာက ဖြေရှင်းနိုင်ရန် သားဖောက်မည့် အစီအစဉ် တစိတ်တဒေသအဖြစ် ယခု လင်းယုန်ငှက်များကို စင်ကာပူက ငှားရမ်းထားခြင်းဖြစ်သည်။

အပူပိုင်း မိုးသစ်တော ပြုန်းတီးခြင်း၊ အဆင်အခြင်မဲ့ အမဲလိုက်ခြင်းတို့ကြောင့် အဆိုပါ ဖိလစ်ပိုင် လင်းယုန်ငှက်အကောင်ရေကို လျော့ကျထားစေခဲ့ခြင်း ဖြစ်သည်။

တောင်ပံအလျား အများဆုံး ၇ ပေခန့်ရှိသည့် ယင်း လင်းယုန်ငှက်မျိုးစိတ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အားအကောင်းဆုံး ငှက်များအနက် တစ်မျိုးဖြစ်ပြီး လက်ရှိတွင် တောထဲတွင် ကောင်ရေ ၈၀၀ ဝန်းကျင်ခန့်သာ ကျန်တော့သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ခန့်မှန်းထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly