အမေရိကန် မိသားစုတွေရဲ့ ကျေးဇူးတော်နေ့

28 November 2019
အမေရိကန် မိသားစုတွေရဲ့ ကျေးဇူးတော်နေ့

အမေရိကန် မိသားစုတွေရဲ့ ကျေးဇူးတော်နေ့
*********************
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ နိုဝင်ဘာလ ၂၈ရက်နေ့ဟာ thanksgiving ကျေးဇူးတော်နေ့ အများပြည်သူအားလပ်ရက်ဖြစ်ပါတယ်။ ဒါဟာ ကုန်လွန်ခဲ့တဲ့နှစ်အတွင်းက ဘုရားသခင်ကောင်းချီးပေးတာကို ကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ အစဉ်အလာအရ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့အတူ အချိန်အတူတူကုန်ဆုံးရင်း ညစာစားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းကတော့ ဒီလို တခမ်းတနားကျင်းပနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် အစားအသောက်အခမဲ့ဝေငှပေးနေတဲ့ ပရဟိတအဖွဲ့ဟာ ကျေးဇူးတော်နေ့အတွက် စားသောက်ဖွယ်ရာတွေကို ဝင်ငွေနည်းပါးတဲ့ မိသားစုတွေဆီ ဒါနပြုခဲ့ပါတယ်။ VOA သတင်းထောက် Deborah Block က ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ အကြီးဆုံးအစားအစာပရဟိတအဖွဲ့ဆီသွားရောက်ပြီး သတင်းပို့ထားတာကို ကိုဝင်းခန့်မောင်က ပြောပြပေးပါမယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly