ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း သွင်းဂိုး (၄)ဂိုးကို အမြန်ဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ လီဝန်ဒေါစကီး

27 November 2019

********************************
အုပ်စု (B)မှာ ရက်စတားဘဲဂရိတ်အသင်းကို (၆)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး (၄)ဂိုးကို အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားတယ်လို့ သိရပါတယ်။

ပိုလန်တိုက်စစ်မှူးအနေနဲ့ သွင်းဂိုး (၄)ဂိုးရရှိဖို့ (၁၄)မိနစ်နဲ့ (၃၁)စက္ကန့်သာ ကြာမြင့်ခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ပွဲချိန်ဒုတိယပိုင်းမှာ အံ့အားသင့်စရာခြေစွမ်းမျိုးနဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့တာဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်ဂိုးသွင်းယူဖို့ အချိန် (၄)မိနစ်ခန့်သာ လိုအပ်ခဲ့တာလည်းဖြစ်ပါတယ်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63546
တင်ဆက် - ယမုံမှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly