IS အဖွဲ့၏ စစ်ဆင်ရေး အရှေ့တောင်အာရှသို့ ဦးတည်လာနိုင်ဟု မလေးရှားပြည်ထဲရေးဝန်ကြီးသတိပေး

IS အဖွဲ့၏ စစ်ဆင်ရေး အရှေ့တောင်အာရှသို့ ဦးတည်လာနိုင်ဟု မလေးရှားပြည်ထဲရေးဝန်ကြီးသတိပေး
This file image made from video posted on a militant website on July 5, 2014, purports to show the leader of the Islamic State group, Abu Bakr al-Baghdadi, delivering a sermon at a mosque in Iraq during his first public appearance. (AP file photo)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၇၊    ။ အစ္စလမ်အစွန်းရောက်စစ်သွေးကြွအဖွဲ့သည် ၎င်းတို့၏ခေါင်းဆောင် သေဆုံးပြီးနောက် စစ်ဆင်ရေးကို အရှေ့တောင်အာရှသို့ ဦးတည်လာနိုင်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာ သတိပေးပြောကြားလိုက်သည်။

အောက်တိုဘာလက ဆီးရီးယားအနောက်မြောက်ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့၏စစ်ဆင်ရေးအတွင်း အသေခံဗုံး ဖောက်ခွဲပြီးသေဆုံးသွားခဲ့သည့် IS ခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးပြီးတာတောင်မှ ဂျီဟက်တွေရဲ့ အတွေးအမြင်စနစ်ကို မအောင်မြင်အောင်တားဆီးဖို့ ရှည်ကြာလိမ့်မည်ဟု ဒေသအာဏာပိုင်များကပြောသည်။

နိုင်ငံခြားမှပြန်ရောက်လာသည့် စစ်သွေးကြွတိုက်ခိုက်ရေးသမားများ၏ ခြိမ်းခြောက်မှုများ၊ အွန်လိုင်းပေါ်အစွန်းရောက် ဝါဒဖြန့်သည့်လုပ်ရပ်များနှင့် တစ်ကိုယ်တော်တိုက်ခိုက်လာနိုင်သည့်အလားအလာများကို စောင့်ကြည့် သွားမည်ဟု မလေးရှားပြည်ထဲရေးဝန်ကြီး မူဟစ်ဒင်ရာဆင်းက ဘန်ကောက်တွင်ကျင်းပသည့် အာဆီယံဝန်ကြီးများအစည်းအဝေးတွင် ပြောခဲ့သည်။ IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တွင် ပိုင်နက်အများ အပြားဆုံးရှုံးပြီး နောက် စစ်ဆင်ရေးအတွက် ကဏ္ဍအသစ်ဖွင့်လှစ်နိုင်ဖွယ်ရှိကြောင်း ဝန်ကြီးက မလေးရှားသတင်းဌာန Bernama သို့ ပြောကြားခဲ့သည်။

မလေးရှားသည် နိုင်ငံအတွင်း IS တို့၏ ကြိုတင်ကြံစည်တိုက်ခိုက်မှုပေါင်း ၂၅ ခုကို တားဆီးနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၆ နှစ်အတွင်းတွင် အဆိုပါစစ်သွေးကြွအုပ်စုနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၅၁၂ ယောက်ကို ဖမ်းဆီးခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလက IS နှင့်မဟာမိတ်ဖွဲ့ထားသည့် စစ်သွေးကြွများသည် အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်ပြီးနောက်ပိုင်း မလေးရှားသည် သတိကြီးစွာနေထိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လကလည်း ကွာလာလမ်ပူဆင်ခြေဖုံးရှိ ဘားတစ်ခုတွင် IS တို့၏ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်မှုကြောင့်  လူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး မလေးရှားတွင် ပထမဆုံးတိုက်ခိုက်မှုဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly