ကွန်ဂိုတွင် မိုးကြီးပြီး မြေပြိုမှု ဖြစ်ပွား၍ လူ ၄၀ ကျော် သေဆုံး

ကွန်ဂိုတွင် မိုးကြီးပြီး မြေပြိုမှု ဖြစ်ပွား၍ လူ ၄၀ ကျော် သေဆုံး

နိုတင်ဘာ ၂၇။   ။  ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် ကင်ရှာဆာတွင် မိုးသည်းကြီးမည်းကြီး ရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားခဲ့ပြီးနောက် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့၏ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။

“ ဒီဖြစ်စဉ်တွေမှာ လူသေဆုံးမှုရော၊ အဆောက်အအုံ ပျက်စီးမှုရော အတော်လေး ကြီးမားပါတယ်” ဟု ကင်ရှာဆာမြို့ ဒုတိယအုပ်ချုပ်ရေးမှူး နီရွန် အမ်ဘွန်ဂူက ပြောသည်။

သေဆုံးသူဦးရေလည်း ထပ်တိုးလာနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မြို့၏ ဒေသ ၂၆ ခုတွင် ယခုကဲ့သို့ သဘာဝဘေးဖြစ်စဉ် အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရကြောင်း ၎င်းက ပြောသည်။

အာဖရိကဒေသ၏ တတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး လူဦးရေ ဆယ်သန်းခန့် ရှိသည့် ကင်ရှာဆာတွင် လူသေဆုံးစေသည့် ရေကြီးရေလျှံမှုများသည် မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။

ယုခ သဘာဝဘေး အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရသည့် ဧရိယာများသို့ သမ္မတ ဖီလစ် ရှီစီကာဒီ သွားရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly