ချန်ပီယံအောင်လအန်ဆန်းအား ဂုဏ်ပြုသောအားဖြင့် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် Boxing ပြိုင်ပွဲကျင်းပမည်

ချန်ပီယံအောင်လအန်ဆန်းအား ဂုဏ်ပြုသောအားဖြင့် ကလပ်အသင်းပေါင်းစုံ ဖိတ်ခေါ် Boxing ပြိုင်ပွဲကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၂၆။           ။ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်နှင့် ကမ္ဘာ့ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် Boxing ပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီ  ၄ရက်မှ ၁၀ ရက်နေ့အထိ မနောကွင်းအတွင်း ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံလက်ဝှေ့ ကလပ်များ အသင်း(ဗဟို)မှ သိရသည်။

အဆိုပါဖိတ်ခေါ်Boxing ပြိုင်ပွဲအတွက် နိုဝင်ဘာ ၂၆ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မီဒီယာ စင်တာတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“အောင်လအန်ဆန်းကိုတော့ ချိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ပွဲကျင်းပဖို့အတွက်ကတော့ မနောပွဲ ဖြစ်မြောက်ရေးအဖွဲ့ကတော့ သူ(အောင်လအန်ဆန်း) တက်ရောက်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်” ဟု မြန်မာနိုင်ငံ လက်ဝှေ့ကလပ်များအသင်း(ဗဟို)မှ အတွင်းရေးမှူး ကိုဘုန်းပြည့်စုံက ပြောသည်။

ပြိုင်ပွဲတွင် ကနဦးအနေဖြင့် ၁၂သင်းကို ဖိတ်ခေါ်ထားပြီး တစ်သင်းလျှင် ၁၀ဦးနှုန်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသော်လည်း ပါဝင်လိုသည့်ကလပ်အသင်းများအနြေဖင့် မြန်မာနိုင်ငံလက်ဝှေ့ကလပ်များ အသင်း (ဗဟို)ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရာတွင် ဝိတ်တန်းအဖြစ် အငယ်တန်းခြောက်တန်း၊ အလွတ်တန်းကိုးတန်း  သတ်မှတ် ထားပြီး ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်သွားမည်ဟု သိရသည်။

ယခုကဲ့သို့ ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် နိုင်ငံ့လက်ဝှေ့အဆင့်အတန်းတိုးတက်လာစေရန်၊ လူငယ်များ အားကစား ပိုမိုလိုက်စားလာစေရန်၊ လူငယ်များ မူးယစ်ဆေးနှင့် သုံးစွဲမှုအားကစားလိုက်စားခြင်းဖြင့် ချေဖျက်နိုင်စေရန် အတွက်ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly