ဖိလစ်ပိုင် စားသောက်ဆိုင်တစ်ခုတွင် တရုတ်ကောင်စစ်ဝန် သေနတ်ဖြင့်အပစ်ခံရ၍ ဒဏ်ရာရ

ဖိလစ်ပိုင် စားသောက်ဆိုင်တစ်ခုတွင် တရုတ်ကောင်စစ်ဝန် သေနတ်ဖြင့်အပစ်ခံရ၍ ဒဏ်ရာရ

မနီလာ၊ အောက်တိုဘာ-၂၁ ။           ။ ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ အောက်တိုဘာ ၂၁ရက်နေ့က စားသောက်ဆိုင်တစ်ခုတွင် စားသောက်နေစဉ် တရုတ်အမျိုးသမီးတစ်ဦးက ပစ်ခတ်သောကြောင့် ဖိလစ်ပိုင် စီဘူးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်မှာ ဒဏ်ရာ ရရှိသွားခဲ့ပြီး ဝန်ထမ်းနှစ်ဦးလည်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဆုန် ရောင်ဟွာကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရပြီး ပစ်ခတ်သူ အမျိုးသမီးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ရဲအရာရှိချုပ် ပရူဒင်စီယို ဘာနက်စ်က ပြောကြားခဲ့သည်။

အပစ်ခံရသူများနှင့် ပစ်ခတ်သူတို့မှာ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် စားသောက်နေခဲ့ကြပြီး ပစ်ခတ်ရသည့်အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ဘားနက်စ်က ပြောကြားခဲ့သည်။

‘တရားခံ တရုတ်အမျိုးသမီးကို ဖမ်းမိထားပါပြီ။ ဒါပေမယ့် ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ သူမကို မေးမြန်းဖို့ စကားပြန်တွေ လိုပါတယ်’’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မနီလာရှိ တရုတ်သံရုံးတို့က မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆန်ခဲ့ပြီး အသေးစိတ်အချက်အလက်များကို စုဆောင်းဆဲဟုသာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly