ICJ သို့ သွားရောက်ရင်ဆိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို မန္တလေးလူထုမှ ထောက်ခံပွဲကျင်းပမည်

ICJ သို့ သွားရောက်ရင်ဆိုင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို မန္တလေးလူထုမှ ထောက်ခံပွဲကျင်းပမည်
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၂၅။            ။ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲထားခြင်းအပေါ်သွားရောက် ရင်ဆိုင်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲတစ်ခုကို မန္တလေးမြို့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ရက်နေ့ ၁၀နာရီတွင် မန္တလေးမြို့၊ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး လူဦးရေသုံးသိန်းကျော်ခန့်ပါဝင်မည်ဟု နိုဝင်ဘာ ၂၅ ရက်က ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းရုံးတွင် ပြုလုပ်သောလူမှုကူညီရေးအသင်းများတွေ့ဆုံပွဲမှ သိရသည်။

“ဒီပွဲကြီးလူ သုံလေးသိန်းလောက် တက်ရောက်ချီးမြင့်နိုင်အောင်ဆပ်ေကာ်မတီခုနှစ်ခုနဲ့ လျာထားဆောင်ရွက် နေပါတယ်။ နေရာကတော့ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်” ဟု ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးချစ်ထူးကပြောသည်။

ထိုသို့ ထောက်ခံပွဲကျင်းပရာတွင် မန္တလေးမြို့ရှိလူမှုကူညီရေးအသင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စျေးသူ စျေးသားများနှင့် ပြည်သူလူထုများပါဝင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်သွားမည်ဟုသိရသည်။

“စွပ်စွဲတဲ့သူက သူတို့ပုံဖော်ပြီးစွပ်စွဲတာကို တိုင်းပြည်အကျိုးအတွက် ကျွန်တော်တို့ ခေါင်းဆောင်က ဦးဆောင် ဖြေရှင်း မှာမှာပဲ။ အမြင်ကတော့ မှန်ခြင်းမှားခြင်း၊ တရားခြင်း၊မတရားခြင်းကို အားလုံးက သိနေပြီးသားပဲ။ ဒီပေါ်မှာ တိုင်းပြည်ခေါင်းဆောင်က ရပ်တည်ဖြေရှင်းမှာဖြစ်တဲ့အတွက် အောင်မြင်မယ်လို့ထင်ပါတယ်။သူ တို့ပြောထားတဲ့အချက်တွေက မှန်မှ မမှန်ဘဲ” ဟု မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးတင်ထွဋ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် တပ်မတော်မှ လူအခွင့်အရေး ဖောက်ဖျက်ကျူးလွန် ခဲ့သည် ဟူသော စွပ်စွဲထားခြင်းအတွက် ICJ အပြည်အပြည်ဆိုင်ရာတရားရုံးတွင် ဒီဇင်ဘာ ၁၀ရက်နေ့၌ စစ်ဆေးမှုများ စတင် လုပ်ဆောင်မည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly