ဝန်ထမ်းများ၏ အချက်အလက်များ ခိုးယူခံခဲ့ရခြင်းနှင့် ပတ်သတ်၍ နစ်နာကြေးအဖြစ် ဒေါ်လာ ၈သန်းပေးရန် ဆိုနီ သဘောတူ

ဝန်ထမ်းများ၏ အချက်အလက်များ ခိုးယူခံခဲ့ရခြင်းနှင့် ပတ်သတ်၍ နစ်နာကြေးအဖြစ် ဒေါ်လာ ၈သန်းပေးရန် ဆိုနီ သဘောတူ

“The Interview” ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သတ်၍ ဆိုနီ ကုမ္ပဏီ၏ ကွန်ပျူတာစနစ်မှာ ဟက်ကာများ၏ ချိုးဖောက်ဝင်ရောက်ခြင်း ခံခဲ့ရပြီး ဆိုနီမှ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လည်း ခိုးယူခံခဲ့ရရာ၊ ယခုအခါတွင် ထိုဝန်ထမ်းများအား နစ်နာကြေးအဖြစ် စုစုပေါင်း ဒေါ်လာ ၈ သန်း ပေးရန် ဆိုနီက သဘောတူလိုက်သည်။

မြောက်ကိုရီးယား အာဏာရှင်ကို သရော်ထားသည့် ထိုဇာတ်ကား ပြသရေးကို ဟန့်တားသည့် အနေဖြင့် ဟက်ကာများက ဆိုနီ ကုမ္ပဏီ၏ ကွန်ပျူတာစနစ်ကို ချိုးဖောက်ဝင်ရောက်ကာ၊ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ထောင်ပေါင်းများစွာကို လူသိရှင်ကြား ဖြန့်ဝေပစ်ခဲ့ခြင်း ဖြစ်သည်။

အချက်အလက်များ ခိုးယူခံခဲ့ရသည့်အတွက် စီးပွါးရေးအရ နစ်နာမှှုများ ရှိခဲ့ကြောင်း ထိုဝန်ထမ်းများက ဆိုကြသည်။

ဆိုနီ ကုမ္ပဏီ၏ ကွန်ပျူတာစနစ် တိုက်ခိုက်ခံခဲ့ရခြင်း နှင့် ပတ်သတ်၍ အမေရိကန် စုံစမ်းစစ်ဆေးသူများက မြောက်ကိုရီးယားနိုင်ငံကို အပြစ်တင်ခဲ့ကြသည်။

ဆိုနီကုမ္ပဏီ၏ ပေါ့ဆမှှုကြောင့် ဝန်ထမ်းများအနေဖြင့် စီးပွါးရေးအရ နစ်နာမှှုများ ခံစားခဲ့ရကြောင်း ဆိုကာ ဆိုနီဝန်ထမ်းဟောင်းများက ဆိုနီအား တရားစွဲခဲ့ခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly