တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ခရီးသွားလုပ်ငန်းတိုးတက်အောင် လုပ်ဆောင်မည်ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးဆို

တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ခရီးသွားလုပ်ငန်းတိုးတက်အောင် လုပ်ဆောင်မည်ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ နိုဝင်ဘာ ၂၅။      ။ မြိတ်မြို့၌ ဒီဇင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ (Tanintharyi Region Investment Forum 2019)တွင် မြိတ်ကျွန်းစု၏ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်အောင် အဓိကထားရင်းနှီးမြှုပ်နှံသွားရန် ရည်ရွယ်ထားကြောင်း တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

“ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ အများစုက မြိတ်ကျွန်းစုရဲ့ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားနေကြပါတယ်။ခရီးသွား လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အဓိကထား ရည်ရွယ်ထားပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည်တွင်း/ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားထားပြီး၊ပြခန်းပေါင်း (၁၀၀) နီးပါး ပါဝင်မည်ဟု သိရသည်။

တနင်္သာရီတိုင်း၏ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ခရီးသွားလုပ်ငန်း၊ ရေထွက်ပစ္စည်း လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းနှင့်သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly