ထိုင်းနှင့် ဗီယက်နမ် တရားမဝင် ငါးဖမ်းသင်္ဘောများကို အင်ဒိုနီးရှားဖောက်ခွဲဖျက်ဆီး

ထိုင်းနှင့် ဗီယက်နမ် တရားမဝင် ငါးဖမ်းသင်္ဘောများကို အင်ဒိုနီးရှားဖောက်ခွဲဖျက်ဆီး

ဂျာကာတာ၊ အောက်တိုဘာ ၂၁ ။             ။ အောက်တိုဘာ ၂၁က အင်ဒိုနီးရှားမှ ဓါတ်ပုံများတွင် ထိုင်းနှင့် ဗီယက်နမ်တို့ထံမှ ဖမ်းဆီးရမိသော တရားမဝင် ငါးဖမ်းသင်္ဘောများကို အင်ဒိုနီးရှားရေတပ် ကဖောက်ခွဲဖျက်ဆီးပုံကို ပြသထားသည်။

အီးပီအေဓါတ်ပုံသတင်းထောက်များ၏ ပြောကြားချက်အရ တရားမဝင်ငါးဖမ်းမှုအတွက် ယင်းသင်္ဘောများကို ဖမ်းဆီးရမိပြီးနောက် ၎င်းသင်္ဘောများကိုဖျက်ဆီးပစ်ရန် အင်ဒိုနီးရှားတို့က အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ လွန်ခဲ့သည့်နှစ်အတွင်းက ဖမ်းဆီးရမိခဲ့သော ယင်းသင်္ဘောများပေါ်မှ လူများကိုမူ အပြင်သို့ခေါ်ထုတ်ခဲ့သည်။ ယင်းသင်္ဘောအများစုကို အာချေးပင်လယ် ဘာတမ်ကမ်းလွန်တွင် ကျောက်ချရပ် နားစေခဲ့သည်။

အင်ဒိုနီးရှားရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းခြင်းအားရပ်တန့်စေရန် အင်ဒိုနီးရှားရေတပ်သည် အစိုးရ၏ အမိန့်ကို လိုက်နာလျက်ရှိသည်ဟု အင်ဒိုနီးရှားမီဒီယာက အစီအရင်ခံခဲ့သည်။

ဖောက်ခွဲဖျက်ဆီးမှုကို ဘာတမ်ကျွန်းကမ်းလွန်တွင် အောက်တိုဘာ ၂၀က ပြုလုပ်ခဲ့သည်။

တရားမဝင်ပြည်ပသင်္ဘောအချို့ကို ဖျက်ဆီးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များ သို့မဟုတ် သင်္ဘောများအမျိုးအမည်အမျိုးအစားတို့ကို ဖော်ပြခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly